ခရမ်းချဉ်ပန်းပွင့် ဘာကြောင့်များ အသီးမတင်နိုင်ဘဲ ကြွေကျရတာလဲ

ခေတ်စနစ်တွေပြောင်းလဲလာသည့် နှင့်အမျှ မြန်မာနိုင်ငံရှိ စိုက်ပျိုးထုတ်လုပ်သူ တောင်သူဦးကြီးများလည်း စိုက်စနစ်အသစ်တွေ ၊ မျိုးအသစ်တွေကို ကျယ်ကျယ်ပြန်ပြန့် တိုးချဲ့စိုက်ပျိုးလာကြနေပါပြီး။ ဒီနေ့မှာတော့ ခရမ်းချဉ်သီးနှံအကြောင်းကို တင်ဆက်ပေးသွားမည်။

ကျွန်တော်တို့ ငယ်ငယ်အရွယ်ကဆို မိဘတွေ စိုက်ပျိုးကြသည့် ခရမ်းချဉ်မျိုးများမှာ တိုင်ထောင်စရာမလိုအပ်တဲ့ ဒေသမျိုးများပဲ ဖြစ်ပါတယ်။ အပူဒဏ် ၊ အအေးဒဏ် အင်မတန်မှ ခံနိုင်ရည်ရှိသော မျိုးများဖြစ်ပါတယ်။ အသီးသီး မှု အင်မတန်မှ ကောင်းမွန်ပြီး ဓာတ်မြေသြဇာ ကျွေးစရာမလိုအပ်သည်။ မှတ်မိပါသေးသည် ငယ်ငယ်ကဆို မိဘတွေ ခရမ်းချဉ်ခင် ပိုးမွှားရောဂါကျလို့ ဆေးဖျန်းရတာ ရှားပါးသော အဖြစ်ဟု မှတ်ရလောက်ပါသည်။ ခရမ်းချဉ်ခင်းမှာ ဆေးဖျန်းစရာကို မလိုအပ်သည်။ အခုခေတ်အရ Good Agricultural Practices (GAP)စိုက်နည်းစနစ်လို့ ခေါ်လိုရသည်။ ဆေးဓာတ်ကြွင်းကင်းတာကိုး။

ခရမ်းချဉ်ပန်းပွင့် ကြွေရခြင်း အကြောင်းအရာများ

ရာစုနှစ်တစ်ခု မြန်မာနိုင်ငံအတွင်းသို့ ပြည်ပ မျိုးစေ့အသစ်များ ဝင်ရောက်လာခဲ့ပြီး တောင်သူများလည်း မျိုးစေအသစ်များကို ဈေးကြီး ပေးပြီး ဝယ်ယူ စိုက်ပျိုးလာကြသည်။ ထို့ကြောင်း ဒေသမျိုးများသည် လူကြိုက်နည်းလာပြီး ဈေးကွက်မရှိသည့် အနေအထား ဖြစ်လာသည်။ ဒေသမျိုးများ ကွယ်ပျောက်လာပြီး မျိုးစေအသစ်များ စိုက်ပျိုးလာကြသည်။
အထွက်ကောင်းမျိုးများမှာ ရာသီဥတုဒဏ် ကို ဆက်ဆက်ထိမခံသော မျိုးများ ဖြစ်သည်။ ပိုးမွှားရောဂါများ အင်မတန်မှ ကျရောက်မှုများသည်။ အထူးဂရုပြု စိုက်ပျိုး ရသော မျိုးများဖြစ်သည်။
ယခုရာသီအချိန်သည် မြန်မာနိုင်ငံမှာ ခရမ်းချဉ်စိုက်ပျိုး ခူးဆွတ်နေကြသည့် အချိန်ဖြစ်သည်။ တစ်ချို့သော တောင်သူတွေက ခရမ်းချဉ်ပင်မှာ အပွင့်များများ ပွင့်ပေးမဲ့ အသီးမတင်တဲ့အတွက် အခက်ကြုံနေရကြောင်း လာရောက်မေးကြတာတွေ ရှိပါတယ်။ အထွက်ကောင်းမျိုးတွေ ပန်းပွင့်လှိုင်လှိုင်ပွင့်ပြီး အသီးမတင်နိုင်သည့် အခြေအနေကို တောင်သူများ သိရှိသဘောနားလည်စေရန် တင်ပြပေးမည်။

ခရမ်းချဉ်ပင် ကျန်မာသန်စွမ်းစွာ ရှိနေသော်လည်း အပူအအေး မမျှတလျှင် ပန်းပွင့်များ ကြွေတက်သည်။ ရာသီဥတု၏ သက်ရောက်မှုများကြောင့် ပန်းပွင့်ကြွေရခြင်းမှာ ထိန်းချုပ်ရန် ခက်ခဲလှသည်။ ပန်းပွင့်ကြွေရသည်မှာ အကြောင်းအရင်းများစွာ ရှိသည်။
(၁) အပူချိန် ပူလွန်း အေးလွန်းခြင်း
(၂) ဝတ်မှုန့်ကူးမှု မရှိခြင်း
(၃) နိုက်ထရိုဂျင်ဓာတ် များလွန်း နည်းလွန်းခြင်း
(၄) ရေရရှိမှု နည်းခြင်း
(၅) ပိုးမွှားရောဂါကျရောက်ခြင်း တို့ကြောင်း ပန်းပွင့်ကြွေကျရသည်။
နေ့အပူချိန် ၈၅ ဒီဂရီဖာရင်ဟိုက် အထက် ၊ ညအပူချိန် ၇၀ ဒီဂရီဖာရင်ဟိုက် အထက် နှင့် ညအပူချိန် ၅၅ ဒီဂရီဖာရင်ဟိုက် အောက် အခြေအနေမျိုးတွင် ပန်းပွင့်ကြွေကျတက်သည်။
ဘယ်လိုကာကွယ်ကြမလဲ

ပန်းပွင့်များ ကြွေခြင်းကို ကာကွယ်ရန်မှာ အကြောင်းအရင်းများစွာ ရှိပါတယ်။ ပန်းပွင့်ကြွေရသည့် အကြောင်းအရင်းများသည် ရာသီဥတု ပူလွန်း အေးလွန်း ခြင်းကြောင့် အဖြစ်များရ သည် ဖြစ်နေသည်။

(၁) မိမိစိုက်ပျိုးမည့်ဒေသ၏ရာသီဥတုနှင့် ကိုက်ညီသည့် မျိုးကို ရွေးချယ်ခြင်း
မြန်မာနိုင်ငံအလယ်ပိုင်း ခရမ်းချဉ်စိုက်ပျိုးသူများ အနေဖြင့် အပူဒဏ်ခံနိုင်သော မျိုးများကို ရွေးချယ် စိုက်ပျိုးသင့်သည်။ ညအပူချိန် မြင့်မားသည့် အခြေအနေမျိုးမှာ ခရမ်းချဉ် စိုက်ပျိုးရင်း ပန်းပွင့်မှု စောသည့် မျိုးများကို ရွေးချယ် စိုက်ပျိုးခြင်းက ပန်းပွင့်နေသည်အချိန်မှာ အပူချိန်နည်းနေခြင်းကြောင့် ပန်းပွင့်ကြွေမှု ကို လျော့နည်းစေမှာ ဖြစ်ပါသည်။

(၂) ပန်းပွင့်များ ဝတ်မှုန့်ကူး ကောင်းစေရန် ဆောင်ရွက်ပေးခြင်း
ပန်းပွင့်ဝတ်မှုန်ကူးခြင်း မရှိခဲ့လျှင် ပန်းပွင့်များ ကြွေရသည်။ ခရမ်းချဉ်ပင်များသည် ကိုယ်တိုင် ဝတ်မှုန့်ကူးနိုင်သော အပင်အမျိုးအစားဖြစ်သည်။ သို့သော် ပွင့်သမျှ ပန်းပွင့်များ ဝတ်မှုန့်ကူးနိုင်စေရန်အတွက် အင်းဆက်အကူအညီများ ၊ လူသားတို့၏ အကူအညီများ လိုအပ်သည်။ မဟုတ်လျှင် ပန်းပွင့်အားလုံး ဝတ်မှုန့်မကူးနိုင်ဘဲ ကြွေကြရသည်။ အပူချိန်မြင့်မားနေသည့် အချိန်တွင် ဝတ်မှုန့်ကူး အင်းဆက်များ မရှိနေသည့်အတွက် ဝတ်မှုန်ကူးခြင်းကို မလုပ်ဆောင်ပေးနိုင်သည်။ ထို့ကြောင့် ပန်းပွင့်များ ကြွေကျခြင်းကို ကာကွယ်ရန်အတွက် ဝတ်မှုန်ကောင်းကောင်း ကုးစေရန် ဆောင်ရွက်ပေးသင့်သည်။

(၃) မြေသြဇာစနစ်တကျကျွေးပေးခြင်း
ခရမ်းချဉ်ပင်ကို မြန်မြန်ကြီးထွားစေလိုသည့် စိတ်မြန်မြန်ဖြင့် ဓာတ်မြေသြဇာများကို အလွန်အကျွံသုံးစွဲတက်ကြသည်။ မှားယွင်းနေသည့် အချက် ဖြစ်ပါသည်။ နိုက်ထရိုဂျင်မြေသြဇာကို များများသုံးစွဲလျှင် ခရမ်းချဉ်ပင် မှာ အရွက်တွေများ ၊ အပင်ဖြစ်ထွန်းမှုကို အားကောင်းစေပြီး အသီး တင်နှုန်းကို လျှော့ကျစေပါသည်။ ထို့ကြောင့် မိမိတို့ ၏ စ်ိုက်ပျိုးမြေ အခြေအနေ ၊ ခရမ်းချဉ်ပင် အခြေအနေ ကို တွက်ချက် အကဲဖြတ်ပြီးမှ လိုအပ်သည့် နှုန်းထားကို ကျွေးသင့်သည်။

(၄) ရာသီဥတုသမသည့်အနေထားမျိုးမှာ ဆောင်ရွက်ခြင်း
ခရမ်းချဉ်အသီးတင်ရန်အတွက် စံသတ်မှတ်ထားသော စိုစွတ်မှုမျာ ၄၀ ရာခိုင်နှုန်း နှင့် ၇၀ ရာခိုင်နှုန်း အကြား ဖြစ်သည်။ စိုစွတ်မှု နည်းများ က ပန်းပွင့် ဝတ်မှုန်ကူးခြင်းကို နှောင့်ယှက်နေသည့်အတွက် ပန်းပွင့်ဝတ်မှုန်ကူးခြင်း မအောင်မြင်နိုင်သည်။ ဒါအပြင် မှိုရောဂါများ လည်း ကျရောက်ိနိုင်သည့်အတွက် စိုစွတ်မှုကို အထူးသတိထား ဆောင်ရွက်သင့်သည်။

(၅) ရေကိုစနစ်တကျ ပေးခြင်း
ခရမ်းချဉ်ပင်အမြစ်များသည် ၅ ပေ အနက်ထိ ဆင်းသည့်အတွက် ရေကို နက်နက်ထိ ရအောင်သွင်းပေးသင့်သည်။ အပေါ်ယံသာ ရေသွင်းလျှင် အပင်မှ ရေပြည့်ဝစွာ မရရှိဘဲ ရေငဏ်သည့်ဒဏ် ခံရမည် ဖြစ်သည်။

တစ်ခါတစ်ရံတွင် ပန်းပွင့်များ ကြွေကျခြင်းသည် ကောင်းမွန်သော အနေအထားမျိုးဖြစ်သည်။ ပန်းပွင့်အားလုံးသည် ဝတ်မှုန်ကူး အောင်ပြီး အသီးအားလုံး တင်သည့်အချိန်တွင် အသီးအာလုံးဆီသို့ အာဟာရ ပြည့်ဝစွာ မပေးနိုင်သည့်အတွက် အရည်အသွေးမပြည့်၀သော အသီးများကို ရရှိမည် ဖြစ်သည်။ ထို့ကြောင်း အပင်ကိုယ်တိုင်က ပန်းပွင့်များကို ချွေချသည်။
ရေးသာသူ
ဇင်မင်းမောင်
Ref:

Leave a Comment