ခရမ်းချဥ်မှာ ထိပ်ပုပ်တာ ဘာကြောင့်လဲ.?

ခရမ်းချဥ်မှာ ထိပ်ပုပ်တာ ဘာကြောင့်လဲ.?
☑ ခရမ်းချဉ် အသီး စတင်သီးပြီး ဆိုထိပ်ပုပ်သည့် အခြေအနေဟာ ဦးကြီးတို့အတွက် စိတ်ဘဝင်မကျ ဖြစ်ရပါတယ် ဒါကြောင့် သို့လော သို့လော ဖြစ်နေတဲ့ပြသနာကို လေ့လာကြည့်ရအောင် ခင်ဗျ
☑ခရမ်းချဥ်သီးမှာ ဖြစ်သော ထိပ်ပုပ်သည့် လက္ခဏာသည် ရောဂါပိုးမွှားကြောင့်ဖြစ်သော လက္ခဏာ မဟုတ်ပါဘူးခင်ဗျ…
ဇီဝကမ္မပြောင်းလဲမှုကြောင့် ဖြစ်လာသော လက္ခဏာ ဖြစ်ပါတယ်
✔အသီးများ၏ အောက်ခြေမှစတင်၍ စိမ်းပုပ်ရောင် သို့မဟုတ် အညို့ရင့်ရောင် ရေစိုနာအကွက်များ စတင်တွေ့ရတယ် ဆိုးရွားလာပါက နေလောင်ဒဏ်ရာဖြစ်လာပြီး အသီးတစ်ဝက်ထိ ပုပ်သွားပါတယ်…
☑များသောအားဖြင့် ကယ်လ်ဆီယမ် Ca ချို့တဲ့ လျှင် ထိပ်ပုပ်အဖြစ်များပါတယ် ခရမ်းချဉ် အသီးဆီသို့ ကယ်လ်ဆီယမ် ပို့ဆောင်မှုကို ဟန့်တားခြင်းခံရပါက ဖြစ်တတ်ပါတယ်
☑ကယ်လ်ဆီယမ် Ca ဓာတ်သည် ရေနှင့်အတူ ရွေ့လျားသွားရတယ်. ရေငတ်ဒဏ်ခံရသော အခြေအနေဟာ အသီးဆီသို့ Ca ဓာတ် ရောက်ဖို့ ခက်ခဲ့သည့်အတွက် အသီးဟာ ကယ်လ်ဆီယမ် ဓာတ် ငတ်မွတ်လာပြီး ထိပ်ပုပ်ခြင်းစတင်လာပါတယ်
♻ပြုပြင်ကာကွယ်ရန် မြေဆီလွှာကို ဓာတ်ခွဲစမ်းသပ်ပြီး အာဟာရမျှတစွာ ကျွေးရမည်. ရေသွင်းစနစ်ကို ကောင်းစွာစီမံခန့်ခွဲရမည်.
☑Ca ဓာတ်ပါဝင်သည့် ရွှေအား ၁၆:၁၆:၈ ကို သုံးစွဲပေးခြင်းဖြင့် ခရမ်းချဉ် ထိပ်ပုပ်သည် ကို ခေါင်းစားစရာမလိုဘဲ ဖြေရှင်းနိုင်ပါတယ်။
News Article#Tomato #Blossom End Rot

Leave a Comment