ငရုပ်ပင်မှာ အပွင့်တွေ တဖြုတ်ဖြုတ်ကြွေတာ ဘာကြောင့်လည်း ?????

ငရုပ်သီးနှံဟာဆိုရင်ဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း ကျောက်ဆည် ၊ ကူမဲ ၊ မြစ်သား ၊ မန္တလေး ၊ မုံရွာတကြောနှင့် ဧရာ၀တီတိုင်းတကြောမှာ ငရုပ်သီးနှံကို တွင်တွင်ကျယ်ကျယ် စိုက်ပျိုးကြတာကို တွေ့ရပါသည်။ ငရုပ်သီးနှံဟာ နိုင်ငံခြားသို့ တွင်တွင်ကျယ်ကျယ် တင်ပို့ရသော စိုက်ပျိုးရေး ထုတ်ကုန်ဖြစ်ပါတယ်။ ဦးကြီးတို့ ငရုပ်သီးနှံ စိုက်ပျိုးကြသည့်အခါမှာ တော်တော်များများ ကြုံတွေ့ရသည်က ပိုးမွှားရောဂါဖြစ်ပါတယ်။ အာဟာရချို့တဲ့သည့် ဖြစ်ရပ်များလည်း တွေ့ရတက်ပါတယ်။

ဒီနေ့မှာ ကျတော်အနေနဲ့ ဦးကြီးတို့ အများစု သတိမမှု မိသည့် အခြေအန တစ်ရပ်ကို ဆွေးနွေးပေးမှာ ဖြစ်ပါတယ်. အဲဒါကတော့ ငရုပ်ပန်းပွင့်များ အသီးမတင်ခင်းအချိန်မှာ ကြွေကျရခြင်းဖြစ်ပါတယ်။ အသီးမဖြစ်ခင်းအချိန် မှာ ပန်းပွင့်များ ကြွေကျရခြင်း မှာ အထွက်နှုန်းကို များစွာ ထိခိုက်ရတဲ့အတွက် ဦးကြီးတို့အတွက် အင်မတန်မှ ၀မ်းနည်းဖို့ကောင်းပါတယ်။ ကဲ ပန်းပွင့်များ မြေပေါ်သို့ ကြွေဆင်းရသည့် အဖြေကို ရှာကြည့်ရအောင်.ရောဂါပိုးမွှားကျရောက်မှု မရှိဘဲ ပန်းပွင့်များ မိခင်ပင်မှ တဖြုတ်ဖြုတ်ကြွေကျရသည့် အဓိကအကြောင်းအရင်းကတော့(၁) အပူချိန်လွန်ကဲခြင်း(၂) အာဟာရဓာတ်ချို့တဲ့ခြင်း(၃) ရှိသင့်သော မြေဆီလွှာ အစိုဓာတ်မရှိခြင်း(၄) မျိုးမကောင်းခြင်း(၅) လိုအပ်သည့် ပမာဏထက် မြေဆီ လွန်ကဲစွာ ကျွေးခြင်း တို့ဖြစ်ပါတယ်။ အပူချိန်လွန်ကဲခြင်း———-သာမန်အားဖြင့် ငရုပ်ပင် ကောင်းစွာ ကြီးထွားရန်အတွက် အပူချိန် ၇၀-၉၀ ဒီဂရီဖာရင်ဟိုက်အတွင်း လိုအပ်ပါသည်။ ထိုအပူချိန်မျိုးမှာ ငရုပ်ပင်ဟာ ကောင်းစွာ ရှင်သန်မယ် ၊ ပန်းလှိုင်လှိုင်ပွင့်မယ် ၊ အသီးများ ဖြိုင်ဖြိုင်သီးမယ် ။ သို့သော် ရာသီအခြေအနေ ကြောင့် အပူချိန် လွန်ကဲစွာ ပူလာမယ်ဆိုရင်း ငရုပ်ပင်အတွက် ပြသာနာများ ဖြစ်လာပါပြီ။ အပင်ကြီးထွားမှု ရပ်တန့်သွားမယ် ၊ ငရုတ်ပွင့်များ အပူချိန် လွန်ကဲမှုကြောင့် ကောင်းစွာ မပွင့်နိုင်ဘဲ မြေပေါ်သို့ ကြွေဆင်းကြရသည်။ နောက်ဆက်တွဲပြသာနာအနေဖြင့် အထွက်ထိခိုက်ရပါတယ်။အာဟာရချို့တဲ့ခြင်း————ကျတော်တို့ ငရုပ်ပန်းပွင့်လေး ကြွေကျရတဲ့ နောက်ထပ် အကြောင်းအရင်းကတော့ ပိုတက်ရှ်(k) ချို့တဲ့လို ကြွေရပါတယ်။ ပိုတက်ရှ်ဓာတ်ဟာ အပင်များ ကျန်းမာသန်စွမ်းအောင် ၊ တောင့်တင်ခိုင်မာအောင် ပြုလုပ်ပေးပါတယ်။ အပင် ကျန်မာသန်စွမ်းမှ လိုအပ်သည့် အာဟာရဓာတ်များ ၊ လိုအပ်တဲ့ရေပမာဏ ကို ရယူပေးနိုင်မှာ ဖြစ်ပါတယ်။ အပင်ကျန်မားသန်စွမ်းနေမှ အပွင့်များလည်း လှိုင်လှိုင်ပွင့်ပြီး အသီးတင် မှာ ဖြစ်ပါတယ်။ကဲ ဒီလောက်ဆိုရင်း တော့ ပန်းပွင့်များ ကြွေကျရသည့်အကြောင်းအရင်းကို သိရှိသွားပြီးလို့ မျှော်လင့်ပါတယ် ခင်ဗျ. ပန်းပွင့် ကြွေခြင်းကို ဂရုတစိုက် ကာကွယ်စောင့်ရှောက်ပြီး အထွက်နှုန်းကောင်း ရရှိအောင် ဆောင်ရွက်ကြပါစို့လား ခင်ဗျ