စပါးဂုတ်ကျိုးရောဂါ လေးလးနက်နက် ဆွေးနွေးကြမယ်

စပါးအချိန်စလာပြန်တော့လည်း စဉ်းစားမိတဲ့
အဓိက ရောဂါက မြန်မာနိုင်ငံအလယ်ပိုင်းမှာ အဓိဖြစ်ကျတာကတော့
ဂုတ်ကျိုးရောဂါပါပဲ ။ တောင်သူကြီးတွေအတွက် တော့ရင်းနှီးကောင်းရင်းနီးနေကြပင်မဲ့
Page မှာ အမေးများကြလို့ကျ တော့တဖန်ပြန်လည် ရေးသားပေးလိုက်ရပါတယ် ။
ဒီတစ်ခါကတော့ ထိထိမိမိနဲ့မျက်လုံးထဲ တစ်ခါတည်း စွဲစွဲမြဲမြဲမြင်နိုင်စေမယ့် လက္ခဏာကို ဦးတည်ပြီး ပြောပါမယ် ။ များသောအားဖြင့် အပင်ရောဂါကို ရေးပေးလိုက်ပြီနော်/

ဒီမှာ ဖြည့်စွက် ပြောပြချင်တာက စိုက်ပျိုးသူတောင်သူဦးကြီးတို့အနေဖြင့် သေသေချာချာ ကွဲကွဲပြားပြား သိစေချင်တာကတော့
မိမိအခင်းမှာဖြစ်နေတဲ့ ရောဂါအမျိုးအစားသည်
မှို ရောဂါလား ၊ ဘက်တီးရီးယား ဆိုတာ အခြေခံအားဖြင့် ကွဲကွဲပြားပြား သိဖို့လိုအပ်ပါတယ် ။
အဲလို သိမှလည်း ကျ တော်တို့ရောဂါကုသတဲ့အခါမှာ ထိရောက်တဲ့ကုသမှု ဖြစ်စေမှာဖြစ်ပါတယ် ။
ဂုတ်ကျိုးဆိုရင် တောင်သူတိုင်းနှင့် ရင်းနှီးနေကြပေးမဲ့၊ ဂရုမစိုက်ရင် အထွက်နှုန်းကို ၇၀ % ကို ဆိုးဆိုးဝါးဝါး ထိခိုက်နိုင်တဲ့အပြင် ၊ ဆန်စေ့အရည်အသွေးကို ထိခိုက်စေမှာဖြစ်ပါတယ် ။
ဂုတ်ကျိုးလို့ဘာလို့ခေါ်ကြသလဲဆိုရင်တော့ စပါးပင်ရဲ့ပင်စည် ၊ ဆစ်ကြားနေရာမှ ရောဂါစတင်ဖြစ်ပြီး နောက်ပိုင်းမှာ အဆစ်နေရာကနေ ကျိုးကြတတ်တာကြောင့် နာမည်အလွယ်တကူ ခေါ်ဆိုကြခြင်းဖြစ်ပါတယ် ။

သို့ပေမဲ့ ရောဂါ က အပင်ရဲ့အဆင့်တိုင်းလိုလိုတွင် ကျရောက်တတ်ပါတယ် ။ အပင်ရဲ့ကြီးထွားမှု အဆင့်အရ ပင်ပိုင်းကြီးထွားခြင်း နှင့်မျိုးပွားခြင်းဆိုင်ရာကြီးထွားခြင်း ၊ နှစ်ပိုင်းလုံးတွင် ထိထိရောက်ရောက်ဖြစ်စေနိုင်ပါတယ် ။
၁။ ပျိုးခင်းအပင်ငယ်အဆင့်ကနေ အပင်ပွားနေချိန်တွင် ကျရောက်ခြင်း
၂။ ပန်းပွင့်ချိန်မှ အစေ့အဆံတည်နေချ်န်တွင် ကျ ရောက်ခြင်းတို့ဖြစ်ပါတယ်
ရောဂါဖြစ်စေတဲ့အစိတ်အပိုင်းကတော့ အရွက် ၊ ပင်စည် ၊ အဆစ် နဲ့စပါးစေ့တို့တွင် ကျရောက်နိုင်ပါတယ် ။အဲတော့ ကျတော်တို့အနေဖြင့် စပါးခင်းထဲ စပါးစိုက်ပြီးပြီဆိုပြီး ပစ်ထားလို့မရပါဘူး ။ မိမိကွင်းအခြေအနေကို အမြဲတမ်းကြည့်ရှူနေဖို့လိုအပ်ပါတယ် ။ ဒါ့အပြင် ရာသီဥတု သတင်းကို Facebook ၊ ရေဒီယို ၊ တီဗွီတို့ကတဆင့် မပြတ် စောင့်ကြည်ဖို့လိုအပ်ပါတယ် ။ ကျတော်တို့စိုက်ပျိုးရေးသမားတွေသည် ရာသီဥတုက၆၅ % အဓိက သက်ဆိုင်နေလို့ဖြစ်ပါတယ် ။

ရောဂါ လက္ခာက တော့ မျက်လုံးထဲ ပြတ်ပြတ်သားသားမြင်ကြမှာပါ ။ အရွက်ပေါ်မှာ စိန်ပုံစံ ရှိပြီး အလယ်က အဖြူကွက် တွေ ထင်ထင်ရှားရှားဖြစ်နေပါမယ် ။ ( အထင်ရှားဆုံး လက္ခဏာ )

နောက်တစ်ခုကတော့
ပင်စည်နဲ့အဆစ်တို့မှာဖြစ်လေ့ရှိတတ်တဲ့လက္ခဏာကတော့ မဲပြီး ပုတ်သလို ဖြစ်နေမယ် ။ နောက်ပိုင်းမှာ အဆစ်တွေက ခြောက်ပြီး အခေါင်းသာသာဖြစ်နေပြီး အဆံချောင်နေပါမယ်။တခါတရံ စပါးနှံထွက်ချိနမှာ ရောဂါကျနေရင် စပါးဆစ်ပိုးကျတဲ့ လက္ခဏာ တစ်ခု ဖြစ်တဲ့ အဖြူရောင် ဖြစ်နေတာကို တွေ့ရမှာဖြစ်ပါတယ် ။
ဆက်လက်ပြီး ရော၈ါဖြစ်စေတဲ့ အကြောင်းအရင်းတွေကို ဆက်လက်ဖော်ပြရရင်
အဓိက အစိုဓာတ်များနေရင် ရောဂါပိုတိုးစေပါတယ် ။ ဘာလို့လည်းဆိုတော့ ဂုတ်ကျိုးရောဂါသည် မျိုးစေ့ဆောင် ရောဂါတစ်ခု ဖြစ်သည့်အတွက် ၊ အစိုဓတ်များရင် ဘေးအခင်းတွေကိုပါ ရောဂါပြန့်လွယ်ပါတယ် ။
ဆောင်းရာသီလို ရာသီဥတုမှာဆိုရင် ရောဂါဖြစ်စေသောသက်ရှိဟာ ပင်ကြွင်းပင်ကျန်တွေမှာပါ ခိုအောင်းစေနိုင်ပါတယ် ။
မိုးဆက်တိုက်ရွာခြင်း ၊ ၄ ရက် – ၅ ရက်ဆက်တိုက် ည အပူချိန် ကျခြင်း (သို့) နှင်း ကျခြင်း ကြုံရပါက အစိုဓာတ်ကို လျော့ချဖို့လိုပါမယ် ။

ကာကွယ်နှိမ်နင်းကို နောက်ဆုံးအနေဖြင့် ဆွေးနွေးရရင်
ပထမဆုံး အကြံပြုချင်တာက
မိဘပြည်သူတောင်သူဦးကြီးတို့အနေဖြင့် ဓာတုဆေးကိုပဲ အဓိက အားမကိုးစေချင်ပါဘူး ။ စိုက်နည်းစနစ်ပြောင်းလဲခြင်း ၊ မျိုးပြောင်းလဲစိုက်ပျိုးခြငး်တို့ကိုလည်း ပြောင်းလဲလုပ်ကိုင်သင့်ပါသည် ။
ဆေးသုံးစွဲသည့်အခါတွင်လည်း ရောဂါပြင်းထန်လာမှ ၂ မျိုးစပ် မှိုသတ်ဆေးတွေ နှုန်းထားမမှန်မကန် ဖြန်းခြင်းကို ရှောင်ကြဉ်ပြီး မဖြစ်ခင်မှ ကြိုတင်ကာကွယ်ထားစေချင်ပါတယ် ။
စပါးခင်းကို မြေသြဇာ ကျွေးရာတွင်လည်း တွေ့ကရာ မကျွေးဘဲ အပင်ရဲ့အခြေအနေပေါ်လိုက်ပြီး လိုအပ်ရင် လိုအပ်သလို ကျွေးစေချင်ပါတယ် ။ အထူးသဖြင့် N P K ပြည့်ပြည့်၀၀ပါဝင်ပြီး ၊ အရည်အသွေးပြည့်၀သော မြေသြဇာများကို သာ ရွေးချယ်စေလိုပါသည် ။
မျိုးရွေးချယ်သည့်အခါ ခံနိုင်ရည်ရှိသောမျိုးကိုသာ ရွေးချယ်သင့်သလို ၊ ဂုတ်ကျိုးရောဂါသည် မျိုးစေ့တွင်ခိုအောင်းနိုင်သေရောဂါ တစ်ခု ဖြစ်သည့်အတွက် မျိုးစေ့လူးနယ်ဆေးကို မဖြစ်မနေ အသုံးပြုစေလိုပါသည် ။
မြန်မာနိုင်ငံအလယ်ပိုင်းရှိစပါးခင်းများသည် တစ်နှစ်ပတ်လုံး ဆက်တိုက် စိုက်ပျိုးကြသည့်အတွက် တစ်ရာသီပြီးလျှင် ကျန်ရှိနေသောပင်ကြွင်းပင်ကျန်များ၊ ရိုးပြတ်များကို သေချာစွာ ရှင်းလင်းစေလိုပါသည် ။ မီးရှို့ဖျက်ဆီးခြင်းကို ရှောင်ကြဉ်ရပါမယ် ။
မျိုးဆက်လက်ထိန်းသိမ်းလိုပါက အရည်အသွေးကောင်းပြီး ၊ အရောင်အဆင်း စွန်းထင်းခြင်းမရှိသောမျိုးများကိုသာ မျိုးအဖြစ် ထိန်းသိမ်းသင့်ပါသည် ။

MSMM

Leave a Comment