စပါးတွင်ကျရောက်သောဖြုတ်ညိုပိုးအကြောင်း

ဖြုတ်ညိုသည် စပါးတွင် အဓိက ဖျက်ပိုးတစ်မျိုးဖြစ်ပါသည်။ စပါးစိုက်ဒေသအသီးသီးတွင် ဖြုတ်ညိုကျရောက် ဖျက်စီးခြင်းကို ခံနေရပါသည်။ ဖြုတ်ညိုကျရောက်ပါက စပါးအထွက်နှုန်းကို သိသာစွာကျဆင်းစေပါသည်။ ဖြုတ်ညိုသည် စပါး/ကြံ နှင့် မြက်မျိုးနွယ်ဝင်များတွင် ကျရောက်ပါသည်။ အကောင်ငယ်နှင့်အရွယ်ရောက်အကောင် နှစ်ဆင့်လုံးတွင် စပါးပင်များကိုဖျက်ဆီးပါသည်။ စပါးပင်ရည်များကိုစုပ်စားခြင်းဖြင့် ဖျက်ဆီးပါသည်။ အရွယ်ရောက်သော အမသည် ရွက်ကြောများပေါ်တွင် အတွင်းသို့ဖောက်၍ ဥများကို အစုလိုက်ဥကြပါသည်။ အစုတစ်ခုတွင် ဥပေါင်း(၂-၁၁)လုံးအထိဥတက်ပြီး တစ်ခါဥလှင် ဥအစုအဝေး(Masses) ၁၂၄ ခုခန့် ဥလေ့ရှိပါသည်။ ဥ အုပြီး ၄-၈ရက်အကြာတွင် အကောင်ပေါက်ပါသည်။ အကောင်ငယ်သည်မှ ဥပေါက်သည့် နေ့မှစ၍ အပင်၏နုသော အစိတ်အပိုင်းများတွင် စတင်ဖျက်ဆီးပါသည်။ အကောင်ငယ်သည် အရေခွံ ၄-၅ကြိမ်လဲပြီးလျှင် အကောင်ကြီးအဆင့်သို့ရောက်ပါသည်။ ဖြုတ်ညို၏ ဘဝစက်ဝန်းကာလသည် ရာသီပေါ်မူတည်၍ ကွာခြားနိုင်ပါသည်။ (ဇွန်လ-အောက်တိုဘာလ) ဘဝစက်ဝန်းတစ်ပတ်ပြည့်ရန် (၁၈-၂၄)ရက် (နိုဝင်ဘာ-ဇန်နဝါရီ)တွင် (၃၈-၄၄)ရက်ခန့်နှင့် (ဖေဖော်ဝါရီ-ဧပြီ)တွင်(၁၈-၃၅)ရက်အထိ ကြာမြင့်တတ်ပါသည်။
ဖြုတ်ညိုဖျက်ဆီးမှု
စိုက်ပျိုးသော စပါးမျိုး/ရောက်ရှိနေသော စပါးပင်သက်တမ်းပေါ်မူတည်၍ ပျက်စီးမှု လက္ခဏာ အခြေအနေများကွာခြားနိုင်ပါသည်။ အဓိကဆုံးရှုံးမှုများမှာ ပင်ပွားအရေအတွက် လျော့နည်းခြင်း၊ အပင်ပုခြင်း၊ အနှံအခက်အရေအတွက် လျော့နည်းခြင်း၊ အနှံအဖျင်းများခြင်းတို့ ဖြစ်တက်ပါသည်။ စုပ်စားခြင်းနဲ့ အရွက်သားတွင်းသို့ ထိုးဖောက်ဥခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာများမှ တဆင့် မှိုနှင့် ဘက်တီးရီးယား ရောဂါများဝင်ရောက်တက်ပါသည်။ ဥပမာ- ကြပ်ခိုးမှို(sooty moulds)၊ ပင်ပုဗိုင်းရပ်(စ်)ရောဂါ (Grassy stunt virus disease)။ စပါးခင်းများတွင် ဖြုတ်ညိုဆိုးဝါးစွာတိုက်ခိုက်ခံရပါက စပါးပင်၏အရွက်အဖျားပိုင်းမှစတင်ဝါလာပြီး ဝါရာမှ ညို၊ ညိုရာမှ ခြောက်သွေ့ညှိုးနွမ်းပြီးအပင်များ ယိမ်းယိုင်လဲကျပါသည်။ အဝေးမှကြည့်လျှင် အညိုရောင် အညိုခြောက်သွေ့နေသော အကွက်ကြီးများကို သိသာထင်ရှားစွာမြင်နိုင်ပါသည်။ ဤအခြေအနေကို ဖြုတ်လောင်ခြင်း(hopper burn) ဟုခေါ်ပါသည်။ ဖြုတ်လောင်ခြင်းသည် ဖြုတ်ပိုး၏ စုပ်စားခြင်းသာမက အရွက်ကြောအတွင်းသို့ အုခြင်းကြောင့် အစာရေကြောများ ပိတ်ဆို့ခြင်းဖြစ်သည်။ စပါးရိတ်သိမ်းပြီးချိန်တွင် ဖြုတ်များသည် စပါးခင်းအသစ်များနှင့် မြက်ခင်းများသို့ ပြောင်းရွှေ့နေလေ့ရှိသည်။ စပါးပင်၏ အောက်ခြေကိုကြည့်ပါက အကောင်ငယ်များနှင့် အကောင်ကြီးဖြုတ်ညိုများကို တွေ့နိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အပင်ခြေရေထိရာအရပ်သည် ဖြုတ်ညိုကြိုက်သော အရိပ်နှင့် အစိုဓာတ်ရှိသောကြောင့်ဖြစ်သည်။ တစ်ချို့နေရာများတွင် အပင်ခြေ၌ ကြပ်ခိုးမှုများကို ဖြုတ်များဖြင့်တွဲလျှက် တွေ့ရပါသည်။
ဖြုတ်ညိုဆိုးရွားစွာကျရောက်စေသောအကြောင်းများ
၁- စပါးပြီးစပါးဆက်တိုက်စိုက်ပျိုးခြင်း။
၂- စပါးကိုစနစ်တကျမစိုက်ပဲ အပင်အလွန်စိပ်စိပ်စိုက်ခြင်းကြောင့် အလင်းနှင့်လေဝင်လေထွက်ကောင်းစွာမရခြင်း။
၃- ခံနိုင်ရည်မရှိသောမျိုးကိုစိုက်ခြင်း။
၄- ရေသွင်းရေထုတ်မလုပ်ခြင်း ၊ ရေကြာရှည်စွာလှောင်ထားခြင်း။
၅- နိုက်ထရိုဂျင်ဓါတ်မြေဩဇာများကိုအလွန်အကျွံသုံးစွဲခြင်း။
၆- ပိုးသတ်ဆေးများကို လွဲလွဲမှားမှားအလွန်ကျွံသုံးစွဲခြင်းကြောင့် မိတ်ဆွေပိုးများနှင့်သားရဲကောင်များကို သေကြေပျက်စီးစေပြီးဖြုတ်ညိုပိုးပွားများနှုန်းကိုမြင့်တက်စေခြင်း။
ကာကွယ်နှိမ်နင်းခြင်း
၁- သီးလှည့်စိုက်ပျိုးနည်းစနစ်ကိုစိုက်ပျိုးပေးခြင်း။
၂- စိုက်ပျိုးနည်းစနစ်များကိုမှန်ကန်စွာစိုက်ပျိုးပေးခြင်း။
၃- ပိုမွှား၊ရောဂါဒဏ်ခံနိုင်ရည်ရှိသောမျိုးများကိုရွေးချယ်စိုက်ပျိုးပေးခြင်း။
၄- ရေသွင်းရေထုတ် မှန်မှန်ပြုလုပ်ပေးခြင်း။
၅- ပုလဲဓါတ်မြေဩဇာအလွန်အကျွံသုံးစွဲခြင်းမှရှောင်ကျဉ်ခြင်း။
၆- ကျရောက်သောပိုးမွှားနှင့်ပက်ဖျန်းသောဆေး မှန်ကန်အောင်ရွေးချယ်ဝယ်ယူခြင်းတို့အား ပြုလုပ်ပေးသင့်ပါသည်။
ရွှေအားဓါတ်မြေဩဇာမှ
ရွှေအား #ယူရီးယားဓါတ်မြေဩဇာ 46:0:0
ရွှေအား #ကွန်ပေါင်းဓါတ်မြေဩဇာ 10:10:5
ရွှေအား #ကွန်ပေါင်းဓါတ်မြေဩဇာ 15:15:15
ရွှေအား #ကွန်ပေါင်းဓါတ်မြေဩဇာ 16:16:8
ရွှေအား #ကွန်ပေါင်းဓါတ်မြေဩဇာ 16:16:16
ရွှေအား #ကွန်ပေါင်းဓါတ်မြေဩဇာ 17:17:17
အစရှိသည့် ဓါတ်မြေဩဇာများကို တောင်သူလယ်သမားများအတွက် ထုတ်လုပ်ဖြန့်ချီပေးလျက်ရှိပါသည်။
စိုက်ပျိုးအားထားဒို့ရွှေအား
ရွှေအားဓါတ်မြေဩဇာ
Call Center – 09 898 111 575
အရောင်းပြခန်း မန္တလေး —
၈၅လမ်း ၊ ၃၁ လမ်းနှင့်၃၂လမ်းကြား ၊ ချမ်းအေးသာစံမြို့နယ် ၊ မန္တလေးမြို့။
ဖုန်း – ၀၉ ၉၅၂၀၀ ၅၂၃၁ ၊ ၀၉ ၉၅၂၀၀၅၂၃၂။
အရောင်းပြခန်း ရွှေဘို —
မန္တလေး-ရွှေဘို ကားလမ်းမကြီးဘေး၊ သားနားကျေးရွာ
ဝက်လက်မြို့နယ်။
ဖုန်း – ၀၉ ၇၈၈ ၉၄၁ ၉၉၂ ၊ ၀၉ ၄၀၂ ၆၇၅ ၄၈၅
၀၉ ၂၅၈ ၂၉၉ ၉၆၇ ၊ ၀၉ ၇၉၇ ၅၁၆ ၆၈၇။