စပါးပင်အထွက်တိုးဖို့ အမြစ်ကောင်းအောင်ဆောင်ရွက်ကြစို့
ဒီနေ့မှာတော့ ဦးကြီးတို့ကို ပြောပြပေးမည့် အကြောင်းက စပါးပင်မှာ မြေပေါ်ပိုင်း အစိတ်အပိုင်းတွေ ကောင်းစွာကြီးထွားနိုင်ဖို့ များစွာအထောက်အကူပေးနေသော အမြစ်တို့ရဲ့ အကြောင်းဖြစ်ပါတယ်။

ကျတော်ထင်ပါတယ် ဦးကြီးတို့ အများစုကတော့ မြေပေါ်ပိုင်းကြီးထွားမှု ကို အဓိကထားကြည့်ပြီး စပါးခင်းကောင်းတယ် မကောင်းဘူး ၊ ကျွေးလိုက်တဲ့ မြေဆီကြိုက်တယ် မကြိုက်ဘူး ဆုံးဖြတ်မယ် ထင်ပါတယ်။
အမှန်ကတော့ အဲလို မြေပေါ်ပိုင်း အစိတ်အပိုင်းတွေ ကောင်းစွာဖြစ်နေဖို့ အထောက်အကူဖြစ်ပြုနေသော အမြစ်အကြောင်းကို ဂရုမမှု မိ ဖြစ်နေတက်ပါတယ်။
အမြစ်
အမြစ်ဆိုတာက စပါးပင်သက်တမ်း တစ်လျှောက်လုံး ကောင်းစွာ ကြီးထွားနိုင်ဖို့ လိုအပ်သော အရာမှန်သမျှကို ထောက်ပံ့ပေးနေသော အရင်းအမြစ်မိခင်(Source) ကြီးဖြစ်ပါတယ် ။ အရွက်အခက်များ အစာချက်လုပ်ဖို့ရန်အတွက် လိုအပ်သော ရေ(water) ကို အမြစ်မှ ရယူပေးတယ်။ ကြီးထွားဖို့ရန်အတွက် လိုအပ်သော အာဟာရဓာတ်များကို (Essential elements 16 ) စုတ်ယူပေးတယ်။
မြေဆီလွှာထဲမှာ ဖြစ်ပျက်နေသော ပတ်ဝန်းကျင်အခြေအနေများကိုလည် အမြစ်များမှ တဆင့်သိနိုင်ပါသည်။ ဥပမာ- မြေဆီလွှာထဲမှာ ရေပါဝင်မှု နည်းခြင်း ၊ များခြင်း ၊ အာဟာရဓာတ်များ ချို့တဲ့မှုများ ၊ အဆိပ်သင့်မှုများ စသော အချက်လက်များကို အမြစ်များမှတဆင့် သိနိုင်ပါတယ်။
အပင်ကြီးထွားမှု သက်တမ်းတလျှောက်လုံး အမြစ်ကောင်းစွာကြီးထွားဖို့လိုအပ်တယ်ဆိုတာ သဘောပေါက်မယ် ထင်ပါတယ်။
အမြစ်ကြီးထွားဖို့ရန်အတွက် လိုအပ်သည့် အချက်တစ်ချက်ကတော့ အရည်အသွေးပြည့်၀သော မြေဆီကျွေးခြင်းသည်လည်း တစ်ချက်အပါအဝင်ဖြစ်ပါတယ်။
အောက်ပါပုံအမြစ်လေးကတော့ တောင်သူကြီးကိုယ်တိုင် စမ်းသပ်ပြထားတဲ့ ပုံပါ။
တောင်သူကတော့ #ရွှေအား ၁၀ ၁၀ ၅ နှင့် ရွှေအား အမိုနီယမ်ဆာလဖိတ် ကျွေး ပီး အမြစ်ထွက်အားကောင်းလာတဲ့အတွက်ကြောင့် ပီတီဝေဖြာနေပါတယ်။
ကဲ အမြစ်ထွက်အားကောင်းပြီ ဆိုကတည်းက ကျတော်အထက်မှာ ဆွေးနွေးခဲ့သည့်အတိုင်း အမြစ်ရဲ့ လုပ်ဆောင်မှုတွေ အတွက်တော့ စိတ်အေးရပြီဖြစ်ပါတယ်။
ဦးကြီးတို့ လယ်ယာလုပ်ငန်းအောင်မြင်ပြီး ဈေးကွက်ဝင်သော သီးနှံများ ရကြပါစေခင်ဗျာ
ဇင်မင်းမောင်