တောင်သူဦးကြီးတို့ စိုက်ပျိုးရာတွင် အကျိုးပြုစေနိုင်မည့် စိုက်ပျိုးရေးသတင်းအချက်အလက်များ။
အထွက်မြင့် ငရုပ် စိုက်နည်း ————————– ငရုတ်ဟာ မြေသြဇာကြွယ်ဝပြီး ရေမဝပ်တဲ့မြေမျိုး၊ သဲနုန်း၊ နုန်းမြေတွေက အကောင်းဆုံးဖြစ်ပါတယ်။ မြေစေးအသင့်အတင့်ပါတဲ့ မြေမှာလည်း စိုက်ပျိုးနိုင်ပါတယ် ဒါပေမယ့် ရေမဝပ်စေဖို့အတွက်…
ဆက္၍ဖတ္ရန္မနက်ခင်း ရုံးကို ရောက်တုန်း ဖုန်းတွေစက်ဖွင့်ခါက ရှိသေးတယ် ဖုန်းဝင်လာပြီ ။ကြားသားမိုးကြိုးပါလား။ မနက်စောစော ဘယ်သူဆီကပါလိမ့်။“ဟယ်လို ဆရာလေးလား ““ဟုတ်ကဲ့……. ဘယ်သူပါလည်းခင်ဗျ”“ဟာဗျာ ကျ တော်ပါဗျ အင်းထဲကတောင်သူပါ”“အော်…
ဆက္၍ဖတ္ရန္မနက်ခင်း ရုံးကို ရောက်တုန်း ဖုန်းတွေစက်ဖွင့်ခါက ရှိသေးတယ် ဖုန်းဝင်လာပြီ ။ကြားသားမိုးကြိုးပါလား။ မနက်စောစော ဘယ်သူဆီကပါလိမ့်။“ဟယ်လို ဆရာလေးလား “ “ဟုတ်ကဲ့……. ဘယ်သူပါလည်းခင်ဗျ”“ဟာဗျာ ကျ တော်ပါဗျ…
ဆက္၍ဖတ္ရန္စပါးအချိန်စလာပြန်တော့လည်း စဉ်းစားမိတဲ့အဓိက ရောဂါက မြန်မာနိုင်ငံအလယ်ပိုင်းမှာ အဓိဖြစ်ကျတာကတော့ဂုတ်ကျိုးရောဂါပါပဲ ။ တောင်သူကြီးတွေအတွက် တော့ရင်းနှီးကောင်းရင်းနီးနေကြပင်မဲ့Page မှာ အမေးများကြလို့ကျ တော့တဖန်ပြန်လည် ရေးသားပေးလိုက်ရပါတယ် ။ဒီတစ်ခါကတော့ ထိထိမိမိနဲ့မျက်လုံးထဲ တစ်ခါတည်း…
ဆက္၍ဖတ္ရန္ခေတ်စနစ်တွေပြောင်းလဲလာသည့် နှင့်အမျှ မြန်မာနိုင်ငံရှိ စိုက်ပျိုးထုတ်လုပ်သူ တောင်သူဦးကြီးများလည်း စိုက်စနစ်အသစ်တွေ ၊ မျိုးအသစ်တွေကို ကျယ်ကျယ်ပြန်ပြန့် တိုးချဲ့စိုက်ပျိုးလာကြနေပါပြီး။ ဒီနေ့မှာတော့ ခရမ်းချဉ်သီးနှံအကြောင်းကို တင်ဆက်ပေးသွားမည်။ ကျွန်တော်တို့ ငယ်ငယ်အရွယ်ကဆို…
ဆက္၍ဖတ္ရန္အရင်အပတ် က Facebook က စိုက်ပျိုးရေး ဂရုတစ်ခုမှာ ကျတော်ကြည့်မိလိုက်တော့ တချို့တောင်သူတွေက ဘာရောဂါကြီးလည်း ၊ ပိုးဥတွေကပ်နေတာလားလို့မေးကြတော့ အော် ဒီရောဂါကလည်း တို့တောင်သူတွေအတွက်အရေးကြီးသကိုး ။ရေးလိုက်ပါဦးမယ်…
ဆက္၍ဖတ္ရန္ကြွက်နှင့်ပေါင်းပင်များအကြောင်းသိကောင်းစရာ ကြွက်အကြောင်း စိုက်ပျိုးရေးလုပ်ငန်းတွင် အရေးကြီးသောဖျက်ကောင်တစ်မျိုးမှာ ကြွက်ဖြစ်သည်။ စိုက်ပျိုးရေးတွင် အများဆုံးတွေ့ရသော ကြွက်မျိုးများမှာ-၁။ မြေကြွက်ငယ် ၄။ အိမ်ကြွက်၂။ မြေကြွက်ကြီး ၅။ ကြွက်ဖားလောင်း၃။ ကြွက်ဝမ်းဖြူ…
ဆက္၍ဖတ္ရန္အာလူးစိုက်တောင်သူတွေအတွက်ကောရှမ်းပြည်ဘက် တာဝန်ကျနေတဲ့ ကျတော်တို့စိုက်ပျိုးညီအကို မောင်နှမတွေ အတွက် ရည်ရွယ်ပြီး ကျတော်လေ့လာမိသလောက်လေး တင်ပြပေးပါမယ်. အာလူးဆိုရင် အများစု က လောင်မဲ ရောဂါကိုသာ ပြေးမြင်ကြပါတယ် ။…
ဆက္၍ဖတ္ရန္ခရမ်းချဥ်မှာ ထိပ်ပုပ်တာ ဘာကြောင့်လဲ.?☑ ခရမ်းချဉ် အသီး စတင်သီးပြီး ဆိုထိပ်ပုပ်သည့် အခြေအနေဟာ ဦးကြီးတို့အတွက် စိတ်ဘဝင်မကျ ဖြစ်ရပါတယ် ဒါကြောင့် သို့လော သို့လော ဖြစ်နေတဲ့ပြသနာကို လေ့လာကြည့်ရအောင်…
ဆက္၍ဖတ္ရန္ငရုပ်သီးနှံဟာဆိုရင်ဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း ကျောက်ဆည် ၊ ကူမဲ ၊ မြစ်သား ၊ မန္တလေး ၊ မုံရွာတကြောနှင့် ဧရာ၀တီတိုင်းတကြောမှာ ငရုပ်သီးနှံကို တွင်တွင်ကျယ်ကျယ် စိုက်ပျိုးကြတာကို…
ဆက်၍ဖတ်ရန်
ဈေးကြီးနေချိန်မှာ မြေသြဇာစနစ်တကျ ကျွေး နည်း
ယခုနှစ်တွင် မြန်မာနိုင်ငံရှိ စိုက်ပျိုးရေးလုပ်ကိုင်နေသော တောင်သူဦးကြီးတို့မှာ စိုက်ပျိုးရေးသွင်းအားစုများ ဈေးနှုန်းမြင့်တက်နေသာ အကျပ်အတည်းနှင့် ကြုံတွေ့ နေရပါသည်။ တစ်ချို့သော တောင်သူတွေမှာ မြေသြဇာဈေးနှုန်း မြင့်တက်နေခြင်းကြောင့် မိုးစပါး သီးနှံအပါအဝင် ၊ ရာသီအလိုက် စိုက်ပျိုးနေသော သီးနှံများ အားလုံးကို ဓာတ်မြေသြဇာမကျွေးနိုင်သည့် အတွက် အထွက်နှုန်းလျော့ကျမည်ကို လည်း စိုးရိမ်နေကြောင် တောင်သူတစ်ဦးမှ ရင်ဖွင့်လာပါတယ် ခင်ဗျ.
ပြည်ပမှ သွင်းအားစုများ ဝင်လာရောက်နိုင်မှု နှောင်းနှေးခြင်း ၊ ဒေါ်လာဈေးများ ($) တက်နေခြင်းကြောင့် သွင်းအားစုများ ဈေးတက်နေသည့် အခိုက်အတန့် ကျွန်တော်တို့ တောင်သူကြီးတွေ ရင်ဆိုင်နေရမည် ဖြစ်ပါတယ် …
ယခုလက်ရှိစိုက်ပျိုးနေသော မျိုးစေ့များသည် ဓာတ်မြေသြဇာ တုံ့ပြန်မှု ရှိသဖြင့် ဓာတ်မြေသြဇာ ကျွေးပေးရပါမည်. မကျွေးခဲ့လျှင် အထွက်နှုန်းမှာ သိသိသာသာ လျော့နည်းလာပါမည်.
တောင်သူများကြုံတွေ့နေရသော ပြသာနာများကို ကျွန်တော်အနေဖြင့် ဖြေရှင်းပေးရန် စဉ်းစားလိုက်သည့်အခါမှာ နည်းလမ်းတစ်ခုကို ပြေးမြင်ပါတယ်.
ကွင်းဆင်းလေ့လာသည့်အချိန်မှာ မြင်တွေနေရသည့်က တောင်သူအများစုသည် ဓာတ်မြေသြဇာ သုံးစွဲနေသည့်ပုံစံများ အနည်းအငယ် လွှဲချော်နေသည်ကို တွေ့ရသည်။ ဥပမာ- ဓာတ်မြေသြဇာ ဖြစ်ရင်းပြီး ရော သုံးစွဲနေသူများ ၊ ဓာတ်မြေသြဇာများ မိမိတို့ စိုက်ခင်းထဲ ရောက်ရင်ပြီးရော ကြဲပတ်နေသူများ စသဖြင့် တွေ့မြင်နေရပါတယ် .. ထို့သို့ ဆောင်ရွက်ခြင်းက စိုက်ပျိုးသီးနှံပင်များအတွက် အမှန်တစ်ကယ် လိုအပ်သည့် အာဟာရဓာတ်များ မရရှိဘဲ ပမာဏများစွာကို သုံးနေရပါတယ်. ၅၀ Kg တစ်အိတ် ကို စနစ်တကျ ကျွေးလျင် ရသည့်အနေအထားမျိုးတွင် မမှန်မကန်ကြဲပတ်နေသည့်အတွက် တစ်အိတ်အစား နှစ် အိတ် သုံးအိတ် ပိုသုံးနေကြရသည်.
ယခုလို ဈေးတက်နေသည့် အချိန်မျိုးမှာ ကုန်ကျစရိတ်များကို သက်နိုင်သလောက် လျော့ချရမည် ဖြစ်သည်။ စိုက်ပျိုးသီးနှံများ၏ ပြန်ရချက်သည် စုစုပေါင်းကုန်ကျစရိတ်အားလုံးကို ကာမီမှသာ တောင်သူများအတွက် ပြေလည်မည်သာ ဖြစ်သည်။
ဒါကြောင့် ဓာတ်မြေသြဇာများ ဈေးတက်နေသော်လည်း မဖြစ်မနေ ကြဲပတ်ရမည် ဖြစ်သဖြင့် စနစ်တကျ မြေသြဇာ ကျွေးခြင်းကို ပြောပြပေးပါမည်။
(၁) မှန်ကန်သောအရင်းအမြစ်များမှ ရရှိသော မြေသြဇာများ ဖြစ်ပါစေ
ကဲ အထက်ဖော်ပြပါ ခေါင်းစဉ်လေးအတိုင်း စိုက်ပျိုးသီးနှံမှ မည်သည့်အာဟာရဓာတ်ကို လိုအပ်နေသလည်းဆိုတာ သိအောင်လေ့ လာ ကြည့်ရပါမည်။ ကျွမ်းကျင်သော စိုက်ပျိုးရေးပညာရှင်များကို မေးမြန်ပြီး မိမိတို့ စိုက်ခင်းအခြေအနေအားလုံးကို ပြောပြကာ အမှန်တစ်ကယ် လိုအပ်နေသည့် အာဟာရဓာတ်ကိုသာ ကျွေးပေးကြရအောင်.လိုအပ်သည့်အာဟာရဓာတ်များ ပါရှိနေသည် မြေသြဇာကိုသာ ဝယ်ယူပြီး စနစ်တကျကျွေးပေးကြရမည်( ဓာတ်မြေသြဇာ အလုံးလေးတစ်လုံးက အစ တန်းဖိုးရှိနေသည်) .လိုအပ်သော အရင်းအမြစ်များကို သီးနှံအကြွင်းအကျန်များ ၊ စွန့်ပစ်ပစွည်းများ ၊ဓာတ်မြေသြဇာများမှ ရရှိနိုင်ပါသည်။
(၂) မှန်ကန်သော နှုန်းထားဖြစ်ပါစေ
စိုက်ပျိုးသီးနှံမှ လိုအပ်နေသည့် အာဟာရကို သိရှိပြီးသည့်နောက်မှ ကျွေးမည်နှုန်းထားကို နောက်တစ်ဆင့် တွက်ချက်ရမည်. သီးနှံတစ်မျိုးနှင့် တစ်မျိုး လိုအပ်သည့် ဓာတ်မြေသြဇာပမာဏ မတူကြသည့်အတွက် မိမိစိုက်ပျိုးသီးနှံအမျိုးအစားအပေါ်မူတည်းပြီး နှုန်းထား မှန်ကန်စွာ ကျွေးပေးရမည်. နှုန်းထားမှန်ကန်စွာ ကျွေးပေးခြင်းဖြင့် ကုန်ကျစရိတ်သက်သာပြီး ဓာတ်မြေသြဇာ များကို စိုက်ပျိုးပင်မှ အကျိုးရှိစွာ စုပ်ယူနိုင်မည် ဖြစ်သည်။
(၃) ဓာတ်မြေသြဇာကျွေးသည့်နေရာ မှန်ကန်ပါစေ
အာဟာရဓာတ်များ၏သဘောသဘာ၀ သည် မြေဆီလွှာအတွင်းမှာ ဓာတ်ပြိုကွဲမှုများ ပြီး ရွေ့လျားသည်။ အရှင်းဆုံးပြောပြရရင်း အာဟာရဓာတ်ကို အဓိက စုပ်ယူပေးမည့် အမြစ်ပတ်ဝန်ကျင်းမှာ ကျွေးပေးရမည်။ သို့မှသာ အပင်က လွယ်လင့်တကူ စုပ်ယူနိုင်မည်ဖြစ်သည်။ စိုက်ခင်းထဲရောက်ရင်းပြီးရော မကြဲပတ်ပါနဲ့ စနစ်တကျကျွေးပေးမည်ပြီး ကုန်ကျစရိတ်ကို အတက်နိုင်ဆုံး လျော့ချရမည် ဖြစ်သည်။
(၄) ဓာတ်မြေသြဇာကျွေးချိန် မှန်ကန်ပါစွာ
အစဉ်တစ်စိုက် စိုက်ပျိုးရေးလုပ်ကိုင်နေသော ဦးကြီးတို့အဖို့ ဓာတ်မြေသြဇာကျွေးချိန်ကတော့ မှန်ကန်နေလိမ့်မည် ဟု သုံသပ်မိသည်။ ဥပမာ- စပါးသီးနှံအတွက်ဆို ကောက်ပင်လှန်ချိန် ၊ ပင်ပွားစီးချိန် ၊ အနှံတည်ချိန် ၊ အနှံထွက်ချိန် စသည့်ဖြင့် အလီလီ ကျွေးနေသည်ကို မြင်တွေ့နေရပါသည်။ ဖြည့်စွတ်ပြောပေးချင်သည့် အချက်က စိုက်ပျိုးသီးနှံပင်များသည် အချိန်နှင့်အမျှ ကြီးထွားနေသည်အတွက် အပင်၏ကြီးထွားမှုကို လိုက်ပြီး မှန်ကန်သော နှုန်းထားကျွေးပေးမှသာ မျှခြေဖြစ်မည်.
အထက်ဖော်ပြပါ အချက်လေးချက်ကို သေချာစဉ်းစားပြီး လိုက်နာကျင့်သုံးမည်ဆိုလျှင် အပင်မှ အမှန်တစ်ကယ် လိုအပ်သည့် နှုန်းထားကို ကျွေးပေးနိုင်မည်။ အလေ့အလွှင့်ဆုံးရှုံးမှုနည်းပြီး ကုန်ကျစရိတ်သက်သာကာ အထွက်နှုန်းကောင်းကို ရရှိနိုင်မည်ဖြစ်သည်။
အပင်တွေ၏ အာဟာရ လိုအပ်ချက်များကို အတက်နိုင်ဆုံး ဖြေရှင်းပေးရန်အတွက် အချိုးအဆ မျှတသော ကွန်းပေါင်းဓာတ်မြေသြဇာများ ၊ ပင်ဖြစ်မြေသြဇာများကို ဦးကြီးတို့အတွက် ဖြန့်ဖြူးပေးလျက်ရှိပါတယ် ခင်ဗျ.
လိုအပ်ပါက Page Chatbot မှာ ဖြစ်စေ ၊ ဖုန်း - 09 898 111 575 သို့ ဆက်သွယ်နိုင်ပါတယ်.
မြစ်ဆုံမြန်မာကုမ္ပဏီ (ရွှေအားကွန်ပေါင်းဓာတ်မြေသြဇာများ)