အာဖရိက သီးနှံဖျက်ပိုး အာရှ ရောက်နေပြီ

အာဖရိက သီးနှံဖျက်ပိုး အာရှ ရောက်နေပြီ
Wednesday,August 15,2018
အာဖရိကနဲ့ အမေရိကမှာ ဖျက်ဆီးဖူးသွားတဲ့ သီးနှံဖျက်ပိုးဗောက်ဖတ်တမျိုးကို အိန္ဒိယနိုင်ငံမှာ တွေ့ရတဲ့အတွက် အာရှနိုင်ငံတွေရဲ့စိုက်ပျိုးရေး အကြီးအကျယ်ထိခ်ိုက်နိုင်မှာကို စိုးရိမ်ရတယ်လို့ CNN သတင်းတပုဒ်က ဖော်ပြပါတယ်။
ပြောင်းနဲ့ တခြားအဓိက သီးနှံတွေကို ကိုက်ဖဲ့စားတဲ့ပိုးကို Karnataka ပြည်နယ်မှာတွေ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီပြည်နယ်နဲ့ကပ်ရက်က Tamil Nadu ပြည်နယ် စိုက်ပျိုးရေးတက္ကသိုလ်ဝင်းက ပြောင်းသီးနှံ ၁၅% ကနေ ၂၀% မှာ အဲဒီပိုးတွေ့ရတယ်လို့ ဆိုပါတယ်။
ဒီပိုးဖျက်လို့ အာဖရိကတိုက်က ၁၂ နိုင်ငံလောက်မှာ သီးနှံတွေပျက်စီးခဲ့ရပြီး ဇင်ဘာဘွေန်ိုင်ငံက တချို့နေရာတွေမှာ သီးနှံ ၇၀ % ဆုံးရှူံးခဲ့ရပါတယ်။
ဒီသီးနှံဖျက်ပိုးကြောင့် အာဖရိကနိုင်ငံတွေမှာ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၄ ဘီလီယံကနေ ၆ ဒဿမ ၁ ဘီလီယံ ဆုံးရှူံးခဲ့ရတယ်လို့ CABI- Center for Agriculture and Bioscience International နိုင်ငံတကာ စိုက်ပျိုးရေးနဲ့ ဇီဝသိပ္ပံဌာနနဲ့ ဗြိတိန် န်ိုင်ငံတကာဖွံ့ဖြိုးရေးဌာနက ပြောပါတယ်။
ဒါကြောင့်လည်း ဒီလို ဖြစ်ပွားမှာကို အိန္ဒိယတာဝန်ရှိသူတွေနဲ့ လေ့လာသူတွေက စိုးရိမ်နေတဲ့ကြားက အိန္ဒိယ အရှေ့ဘက် အိမ်နီးချင်းနိုင်ငံတွေကို ပျံ့သွားမှာသေချာတယ်လို့ CABI သီးနှံဖျက်ပိုးဆိုင်ရာ တာဝန်ရှိသူက ကပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ တရုတ်နိုင်ငံတွေ အပါအဝင် အရှေ့အာရှနဲ့ အရှေ့တောင်အာရှနိုင်ငံတွေကို ဒီသီးနှံဖျက်ပိုးဝင်နိုင်တယ်လို့လည်း ဆိုပါတယ်။ ဒီသီးနှံဖျက်ပိုးဟာ ပြောင်းကို ပိုနှစ်သက်ပေမဲ့ စပါး၊ ကြံ၊ ဝါနဲ့ ဟင်းသီးဟင်းရွက်တွေကိုလည်း ကိုက်ဖျက်နိုင်တယ်လို့ သတင်းမှာဖော်ပြပါတယ်။