အာလူးကြေးဖတ်ရောဂါ – Common scab
အာလူးစိုက်တောင်သူတွေအတွက်ကော
ရှမ်းပြည်ဘက် တာဝန်ကျနေတဲ့ ကျတော်တို့
စိုက်ပျိုးညီအကို မောင်နှမတွေ အတွက် ရည်ရွယ်ပြီး ကျတော်လေ့လာမိသလောက်လေး တင်ပြပေးပါမယ်.

အာလူးဆိုရင် အများစု က လောင်မဲ ရောဂါကိုသာ ပြေးမြင်ကြပါတယ် ။ အခု ဒီရောဂါကို ကျတော်အရင် တခေါက်က နောင်တရားဘက်မှာ
တွေ့ခဲ့တုန်းက စစချင်းမှာ သာမာန် အာလူးဖက်လေးတွေဆိုပြီး ဖာတိဖာသာ နေလိုက်မိတာ
အခု ကွင်းဆင်းညီလေး တစ်ယောက်က ပုံပြပြီး မေးတော့ ဟာ ကျ တော် မြင်ခဲ့တဲ့ ရောဂါဖြစ်နေတာပဲဗျ
Google ကို ခေါက််ကြည့်လိုက်တဲ့အခါမှာတော့ ……….

နာမည်ကတော့ အာလူးကြေးဖတ်ရောဂါလို့ခေါ်ပါတယ်
သူကတော့ ဘက်တီးရီးယားရောဂါတစ်မျိုးပါ။ရောဂါဖြစ်စေတဲ့သက်ရှိက
Streptomyces Scabies ဖြစ်ပါတယ် ခင်ဗျ …..
လက္ခဏာကတော့ အာလူးသီးပေါ်မှာ အဖက်လေးတွေဖြစ်နေမယ် ။ အဲအနာဖက်လေးတွေက တအားမကြီးပါဘူး ။ အရောင်ကတော့ အညိုရောင် ရင့်ရင့်လေးတွေ ပေါ့ ။တခါတလေတော့ အနာကွက်လေးတွေများလာရင် အာလူးသီးတပြင်လုံးအပြည့်ဖြစ်သွားတတ်တယ် ။
ရောဂါကူးစက်ပျံ့နှံ့ခြင်း

ဒီရောဂါအနေနဲ့ကူးစက်ပျံ့ပွားတာ အရမ်းမြန်ပါတယ် ။ ရောဂါပွားများစေနိုင်တဲ့ အချက်က ၂ချက်ပါ ။
ပထမတချက် ရေသွင်းနည်းစနစ်
ဒုတိယအချက်ကတော့ အာလူးရာသီပြီးလို့ကွင်းသန့်ရှင်းရေးလုပ်တဲ့အခါမှာ ပင်ကြွင်းပင်ကျန်တွေကို သေချာရှင်းလင်းပေးပါ ။မီးရှို့ဖျက်ဆီးတာဖြစ်ဖြစ် သေသေချာချာလုပ်ပေးရမယ်နော် ။
ရေသွင်းနည်းစနစ်ကို ဆွေးနွေးတဲ့အခါမှာ တော့ ခေတ်စနစ်ကြီးကတိုးတက်လာတော့လည်း တောင်သူတွေကSprinkler Irrigation (ရေမှုန်ရေမွား စနစ် ) ကို ကျင့်သုံးကျတာ အများအားဖြင့် တွေ့ရပါတယ် ။ ခက်တာက အခုဖြစ်နေတဲ့ အာလူးကြေးဖတ်ရောဂါ က over watering ကို မကြိုက်ပါဘူး ။ ရောဂါ ပိုပြီး ပျံ့နှံ့နိုင်လို့ပါ ။
မျိုးကသော်လည်းကောင်း ၊ သွင်းရေကသော်လည်းကောင်း ပျံ့နှံ့နိုင်ပါတယ် ။ မျိုးစေ့တွင် ခိုအောင်းနေနိုင်တဲ့ ရောဂါဖြစ်တဲ့အတွက်ကြောင့် နောက်တစ်ရာသီအထိ ခိုအောင်းနေနိုင်ပါတယ် ။
မျိုးစေ့ရွေးချယ်တဲ့အခါ ခံနိုင်ရည်ရှိတဲ့မျိုးကို ရွေးချယ်သင့်သလို ၊ အာလူး အခွံထူတဲ့ မျိုးကိုရွေးချယ်ပါ။
အာလူးကြေးဖတ်ရောဂါသည် တောင်သူအတွက် အထွက်နှုံး မကျသာ်လည်း ၊ အာလူးဥ အရည်အသွေးကိုထိခိုက်မှု ရှိပါတယ် ။
မြေချဉ် ငန်ကိန်းကို အထူးဂရုစိုက်ဖို့လိုအပ်ပါတယ် ။ အထူးသဖြင့် မြေချဉ်ကိန်း ၆.၅ ကျော်ရင် အထူးသတိထားပါ ။ ထို့ကြောင့် မြေချဉ်ငန်ကိန်းကို ထိန်းသိမ်းပေးဖို့ ဆာဖာပါ၀င်မှု မြင့်မားတဲ့ ဓာတ်မြေသြဇာဖြစ်ဖြစ် ၊ ဆာဖာပါ၀င်တဲ့ ရွက်ဖြန်းအားဆေးကို ဖြစ်ဖြစ် ကာကွယ်ဆေးအနေဖြစ် အသုံးပြုဖို့ အကြုံပြုပရစေ..
မစိုက်ခင်မှာ မြေခံ အနေနဲ့ ရွှေအား ၁၀ ၁၀ ၅ ဖြစ်ဖြစ် (သို့) ဂျစ်ပဆန် ၂၅ ပေါင်ခန့် ပေ ၂၀၀၀ ပတ်လည် တွင် ထည့်ပေးနိုင်ပါတယ်
ထို့အပြင် သစ်စိမ်းမြေသြဇာများကို မိမိတတ်နိုင်သလောက်ပြုလုပ်ပေးဖို့လိုသလို ၊ မြေကြီးထဲတွင် အော်ဂဲနစ်ပစ္စည်း များပြားလာအောင် EM ထည့်ပေးဖို့လိုအပ်ပါတယ် ။မစိုက်ခင် အာလူးမျိုးစေ့လူးနယ်ပြီးဖြစ်ဖြစ် ၊ မြေခံဆေးဖြစ်ဖြစ် မဖြစ်မနေ ထည့်ပေးဖို့ လိုအပ်ပါတယ် ။
ကိုးကားချက်
https://www.planetnatural.com/…/plant-disease/potato-scab
https://www.ag.ndsu.edu/potatoextension/common-scab