ကြွက်နှင့်ပေါင်းပင်များအကြောင်းသိကောင်းစရာ

ကြွက်နှင့်ပေါင်းပင်များအကြောင်းသိကောင်းစရာ

ကြွက်အကြောင်း

စိုက်ပျိုးရေးလုပ်ငန်းတွင် အရေးကြီးသောဖျက်ကောင်တစ်မျိုးမှာ ကြွက်ဖြစ်သည်။ စိုက်ပျိုးရေးတွင် အများဆုံးတွေ့ရသော ကြွက်မျိုးများမှာ-၁။ မြေကြွက်ငယ် ၄။ အိမ်ကြွက်၂။ မြေကြွက်ကြီး ၅။ ကြွက်ဖားလောင်း၃။ ကြွက်ဝမ်းဖြူ ၆။ ကြွက်စုတ်၇။ ပွေး

ကာကွယ်နှိမ်နင်းရန်နည်းလမ်းများ၏

၁။ သန့်ရှင်းရေးဆောင်ရွက်ခြင်း။

၂။ ပုံမှန်စောင့်ကြည့်စစ်ဆေးခြင်း။

၃။ လက်လုပ်နည်းဖြင့် နှိမ်နင်းခြင်း။

၄။ မြေအိုးမြှူပ် နှိမ်နင်းခြင်း။

၅။ သဘာဝရန်သူမွေးနှိမ်နင်းခြင်း။

၆။ မျှားစာအဆိပ် ပြုလုပ်နှိမ်နင်းခြင်း။

၇။ ဓာတုဆေးသုံး၍ နှိမ်နင်းခြင်း။

ကြွက်သတ်ဆေးချချိန်

၁။ မိုးစပါး စိုက်ချိန်/ ဖုံးစလုံးစအချိန်

၂။ နွေစပါး စိုက်ချိန်/ ဖုံးစလုံးစအချိန်

၃။ ဆောင်းသီးနှံ စိုက်ချိန်/ ပန်းပွင့်ချိန်

၄။ ပြောင်း စိုက်ချိန်/ အဖူးမဖူးမီ

ကြွက်သတ်ဆေးအမျိုးအစားများ-မန္တလာ (၁)၊ မန္တလာ(၂)၊ ဇင့်ဖောစ်ဖိုဒ် စသည်တို့ဖြစ်ပါသည်။

ကြွက်ကာကွယ်နှိမ်နင်းရေးတွင် အဓိကအရေးကြီးသည်မှာ တစ်ဦးကောင်းတစ်ယောက်ကောင်း မဆောင်ရွက်ဘဲ နီးစပ်ရာတောင်သူ အများစုပေါင်းကာကွယ်နှိမ်နင်းမှ ထိရောက်သော အကျိုးသက်ရောက်မှု ရရှိပေမည်။ကြွက်သတ်ဆေးချရမည့်နေရာ- ကြွက်သွားရာကန်သင်းပတ်လည်၊ ကြွက်တွင်းများ။ဆေးအမျိုုးအစား -ကြိုတင်ကာကွယ်ရန်(တဖြေးဖြေးသေစေသောဆေးသုံးပြီး ကြွက်ကျရောက်မှုများနေပါက ဦးစွာချက်ချင်း သေစေသော ဆေးကိုသုံးပါ။)တစ်ဧကသုံးရန် – မန္တလာဆေးပြား( ၂ )ဗူးမှ (၅ )ဗူးဆေးနှုန်းထား – ဇင့်ဖော့စဖိုဒ်အမှုန့် (၅ မှ ၁၀ ) ဂရမ်+ အစာ

ပေါင်းအကြောင်း

သီးနှံအထွက်၂၀% မှ ၁၀၀ % ထိဆုံးရှုံးနိုင်ပါသည်။ပေါင်းပင်မှ လုယူသောအရာများ(က) အလင်းရောင် (ခ) ရေ (ဂ) အာဟာရ (ဓာတ်မြေသြဇာပေါင်းအမျိုးအစား(က) မြက် ဥပမာ – ဆင်ငိုမြက်၊ လက်သဲမြက်၊ မြေစာမြက်(ခ) မြက်မုံညှင်း ဥပမာ – မြက်မုံညှင်းစိမ်း၊ မြက်မုံညှင်းဝါ၊ မြက်မုံညှင်းနက်(ဂ) ရွက်ပြန့်ပေါင်း ဥပမာ – လယ်ပဒူ၊ ဗေဒါ၊ ကနဖော့၊ ဟင်းနုနွယ်ဆူးပေါက်၊ ဝက်လာ၊ ဝက်ကြွပ်

ပေါင်းနှိမ်နင်းနည်း-

(၁) မျိုးသန့်စင်ခြင်း။

(၂) ထယ်ထိုးမြေလှန်ခြင်း။

(၃) ရေနက်နက်သွင်းပြီးရေနှစ်သတ်ခြင်း။

(၄) မျိုးစေ့နှုန်းတိုးမြှင့်သုံးစွဲခြင်း။

(၅) လက်ပေါင်းလိုက်ခြင်း၊ ကိရိယာဖြင့် ပေါင်းလိုက်ခြင်း။

(၆) ပေါင်းသတ်ဆေးဖြင့် နှိမ်နင်းခြင်း။

ပေါင်းသတ်ဆေးသုံးစွဲရာတွင် လိုက်နာရမည့်အချက်မျာ

၁။ ဆေးနှုန်းထား၂

။ ပတ်ဝန်းကျင်အခြေအနေ

၃။ ပေါင်းပင်နှင့် သီးနှံပင်တို့၏သက်တမ်းပေါ်မူတည်ပြီး ပေါင်းသတ်ဆေးကိုသုံးစွဲရပေမည်။

ပေါင်းပင်၏ဆိုးကျိုးများ

၁။ သီးနှံအထွက်နှုန်းနှင့် အရည်အသွေးကျဆင်းစေသည်။၂။ ရောဂါပိုးမွှားနှင့်ကြွက်တို့အတွက်ကြားလက်ခံပင်ဖြစ်သည်။၃။ သီးနှံပင်စိုက်ပျိုးပြုစုခြင်းနှင့်ရိတ်သိမ်းခြင်းတို့တွင် အနှောက်အယှက်ပေးသည်။၄။ ရေသွင်းရေထုတ်လုပ်ငန်းကိုနှောင့်ယှက်သည်။၅။ လူနှင့်တိရစာ္ဆန်တို့၏ ကျန်းမာရေးကို ဒုက္ခပေးသည်။၆။ မြေယာတန်ဖိုးကျဆင်းစေသည်။၇။ သီးနှံဝတ်မှုံကူးပေးသည့် ပိုးမွှားများကိုဆွဲဆောင်သဖြင့် သီးနှံပင်ခြားဝတ်မှုံကူးမှုကို လျော့နည်းစေ သည်။

ပေါင်းပင်၏ကောင်းကျိုးများ

၁။ မြေတိုက်စားမှုကိုကာကွယ်ပေးသည်။

၂။ သားရဲကောင်နှင့်ကပ်ပါးကောင်များအတွက် တည်းခိုရာနှင့်အစားအစာဖြစ်သည်။

၃။ သီးနှံမွေးမြူရေးလုပ်ငန်းအတွက် ဗီဇမျိုးသန့်များရရှိရာအခြေခံဖြစ်သည်။

၄။ လူသားနှင့်တိရစာ္ဆန်အတွက်အစားအစာဖြစ်နိုင်သည်။

၅။ မြေဆီလွှာအတွက် မြေဆွေးဓာတ်ဖြည့်စွက်ပေးသည်။

၆။ မြေယာအလှဆင်လုပ်ငန်းများအတွက် အသုံးဝင်စေသည်။

၇။ မျက်စိပသာဒ ဖြစ်စေသည်။

Leave a Comment