Archive for February 2021
စပါးပင်အထွက်တိုးဖို့ အမြစ်ကောင်းအောင်ဆောင်ရွက်ကြစို့
ဒီနေ့မှာတော့ ဦးကြီးတို့ကို ပြောပြပေးမည့် အကြောင်းက စပါးပင်မှာ မြေပေါ်ပိုင်း အစိတ်အပိုင်းတွေ ကောင်းစွာကြီးထွားနိုင်ဖို့ များစွာအထောက်အကူပေးနေသော အမြစ်တို့ရဲ့ အကြောင်းဖြစ်ပါတယ်။ ကျတော်ထင်ပါတယ် ဦးကြီးတို့ အများစုကတော့ မြေပေါ်ပိုင်းကြီးထွားမှု ကို အဓိကထားကြည့်ပြီး စပါးခင်းကောင်းတယ် မကောင်းဘူး ၊ ကျွေးလိုက်တဲ့ မြေဆီကြိုက်တယ် မကြိုက်ဘူး ဆုံးဖြတ်မယ် ထင်ပါတယ်။ အမှန်ကတော့ အဲလို မြေပေါ်ပိုင်း အစိတ်အပိုင်းတွေ ကောင်းစွာဖြစ်နေဖို့ အထောက်အကူဖြစ်ပြုနေသော အမြစ်အကြောင်းကို ဂရုမမှု မိ ဖြစ်နေတက်ပါတယ်။ အမြစ် အမြစ်ဆိုတာက စပါးပင်သက်တမ်း တစ်လျှောက်လုံး ကောင်းစွာ ကြီးထွားနိုင်ဖို့ လိုအပ်သော အရာမှန်သမျှကို ထောက်ပံ့ပေးနေသော အရင်းအမြစ်မိခင်(Source) ကြီးဖြစ်ပါတယ် ။ အရွက်အခက်များ အစာချက်လုပ်ဖို့ရန်အတွက် လိုအပ်သော ရေ(water) ကို အမြစ်မှ ရယူပေးတယ်။ ကြီးထွားဖို့ရန်အတွက်…
Read Moreခရမ်းချဉ်ပန်းပွင့် ဘာကြောင့်များ အသီးမတင်နိုင်ဘဲ ကြွေကျရတာလဲ
ခေတ်စနစ်တွေပြောင်းလဲလာသည့် နှင့်အမျှ မြန်မာနိုင်ငံရှိ စိုက်ပျိုးထုတ်လုပ်သူ တောင်သူဦးကြီးများလည်း စိုက်စနစ်အသစ်တွေ ၊ မျိုးအသစ်တွေကို ကျယ်ကျယ်ပြန်ပြန့် တိုးချဲ့စိုက်ပျိုးလာကြနေပါပြီး။ ဒီနေ့မှာတော့ ခရမ်းချဉ်သီးနှံအကြောင်းကို တင်ဆက်ပေးသွားမည်။ ကျွန်တော်တို့ ငယ်ငယ်အရွယ်ကဆို မိဘတွေ စိုက်ပျိုးကြသည့် ခရမ်းချဉ်မျိုးများမှာ တိုင်ထောင်စရာမလိုအပ်တဲ့ ဒေသမျိုးများပဲ ဖြစ်ပါတယ်။ အပူဒဏ် ၊ အအေးဒဏ် အင်မတန်မှ ခံနိုင်ရည်ရှိသော မျိုးများဖြစ်ပါတယ်။ အသီးသီး မှု အင်မတန်မှ ကောင်းမွန်ပြီး ဓာတ်မြေသြဇာ ကျွေးစရာမလိုအပ်သည်။ မှတ်မိပါသေးသည် ငယ်ငယ်ကဆို မိဘတွေ ခရမ်းချဉ်ခင် ပိုးမွှားရောဂါကျလို့ ဆေးဖျန်းရတာ ရှားပါးသော အဖြစ်ဟု မှတ်ရလောက်ပါသည်။ ခရမ်းချဉ်ခင်းမှာ ဆေးဖျန်းစရာကို မလိုအပ်သည်။ အခုခေတ်အရ Good Agricultural Practices (GAP)စိုက်နည်းစနစ်လို့ ခေါ်လိုရသည်။ ဆေးဓာတ်ကြွင်းကင်းတာကိုး။ ရာစုနှစ်တစ်ခု မြန်မာနိုင်ငံအတွင်းသို့ ပြည်ပ…
Read More