ငရုပ် အထွက်တိုး စိုက်နည်း

အထွက်မြင့် ငရုပ် စိုက်နည်း ————————– ငရုတ်ဟာ မြေသြဇာကြွယ်ဝပြီး ရေမဝပ်တဲ့မြေမျိုး၊ သဲနုန်း၊ နုန်းမြေတွေက အကောင်းဆုံးဖြစ်ပါတယ်။ မြေစေးအသင့်အတင့်ပါတဲ့ မြေမှာလည်း စိုက်ပျိုးနိုင်ပါတယ် ဒါပေမယ့် ရေမဝပ်စေဖို့အတွက် ရေထုတ် မြောင်းစနစ်တကျ ပြုလုပ်ပေးဖို့တော့လိုပါတယ်။ သဲမြေမှာစိုက်တယ်ဆိုရင် သဘာဝမြေသြဇာလုံလုံ လောက်လောက်ထည့်ပြီးမှ စိုက်ပျိုးရမှာဖြစ်ပါတယ်။ အသင့်တော်ဆုံးpH ကေတာ့ (၅.၅-၇)ဖြစ်ပါ တယ်။ အရပ်ဒေသကိုလိုက်ပြီး တိုက်ရိုက်စိုက်တာနဲ့ ပြောင်းရွှေ့စိုက်ပျိုးတာဆိုပြီး (၂)မျိုးရှိပါတယ်။ တိုက်ရိုက်စိုက်ပျိုးတဲ့နည်းကတော့ ပျိုးခင်း၊ ပျိုးဘောင်တွေနဲ့ပျိုးမထောင်ပဲ ကြိုက်နှစ်သက်တဲ့ ထယ်ရေး၊ ထွန်ရေးရပြီဆိုရင် မျိုးစေ့တွေကို ညီညီညာညာကြဲပက်ပြီး စိုက်ပျိုးရတာဖြစ်ပါတယ်။ တစ်ဧကအတွက် မျိုးစေ့ (၁၀၀)ဂရမ်ခန့်ကုန်နိုင်ပါတယ်။ အပင်ပေါက်စုံရင် လိုချင်တဲ့ အကွာအဝေးထားပြီး ကျန်အပင် တွေကို နုတ်ပေးရတာဖြစ်ပါတယ်။ မုံရွာ၊ ညောင်ကန်၊ ဘုတလင်တစ်ဝိုက်မှာ အများအားဖြင့် စိုက်ပျိုးကြပါတယ်။ ရွှေ့ပြောင်းစိုက်ပျိုးနည်းကတော့ ထယ်ရေးအသင့်ပြင်ထားတဲ့…

Read More