ငှက်ပျောသီးနှင့် ကျန်းမာရေး

၁၂ရာသီပတ်လုံး ဖောဖောသီသီရနိုင်သော အသီးများထဲတွင် ငှက်ပျောသီးသည်လည်း တစ်မျိုးအပါအဝင်ဖြစ်သည်။ အစာကြေညက်လွယ် သောကြောင့် အရွယ်သုံးပါးမရွေး စားသုံးနိုင်သည်။“နံနက်သင်္ဘော ညငှက်ပျော” ဆိုသည့်အတိုင်း ညအိပ်ယာဝင်ခါနီးတိုင်း စားပေးသင့်ပါသည်။ ငှက်ပျောခွံပေါ်တွင်အမဲရောင်အစက်အပြောက် များလေ ရင့်မှည့်လေဖြစ်သောကြောင့် အနံ့၊ အရသာ၊ အာနိသင် ပိုကောင်းလေဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖီးကြမ်း၊ သီးမွှေး၊ ဆင်အံ၊ နံ့သာပု၊ ငှက်ပျောချဉ်၊ ရွှေနီငှက်ပျော၊ ရခိုင်၊ ဝက်မလွတ် စသဖြင့် ငှက်ပျောမျိုးစုံလင်လှသလို တစ်မျိုးချင်းစီအလိုက် အာနိသင်များပါရှိနေသည်။ဖီးကြမ်းငှက်ပျောခန္ဓာကိုယ်အတွင်းအပူများသူများအတွက် အထူးသင့်တော်သည်။ ကျောင်းနေ အရွယ်ကလေးများကို ဖီးကြမ်းငှက်ပျောသီးတစ်လုံးနှင့် လက်ဖက်ရည် တစ်ဇွန်းစာ ပမာဏရှိသော ပင်စိမ်းရွက်သတ္တုရည်တစ်ဇွန်းကို သမအောင်ရောပြီး နေ့စဉ် ကျွေးခြင်းဖြင့် ဦးနှောက်ဖွံ့ဖြိုးပြီး မှတ်ဉာဏ်ကောင်းစေသည်။ မီးလောင်ဒဏ်ရာ များအတွက် ဖီးကြမ်းငှက်ပျောသီးမှည့် အုံပေးပြီး ငှက်ပျောဖက်ခင်းအိပ်ပါ။ (ဖီးကြမ်းငှက်ပျောပင်စည်ကို မုန့်ဟင်းခါးဟင်းရည်ချက်ရန် မသင့်တော်ပါ။ အရသာ…

Read More

ကညွှတ်စိုက်ပျိုးနည်းလမ်း

ပထမဦးစွာ မျိုးစေကို ရေးနွေးကြက်သိမ်းနွေးနဲ့ (၁) ရက် စိမ်ပေးရမည်။ ရေအေးနှင့် (၁) ရက်စိမ်ရပါမည်။ ဟော်မုန်အရည်တစ်မျိုးမျိူး ထည့်စိမ်းလျှင် ပိုကောင်းပါသည်။ ရေစိုအဝတ်စနဲ့ထုတ်၍ မြေအိုးထဲထည့်ကာ နေပူထဲတွင်ထားပါ။ ၄ ရက် ၅ ရက် ကြာလျှင် မျိုးညှောင် ပေါက်လာသည်ကို တွေ့ရပါမည်။ မျိုးညှောင်များကို ပျိုးအိတ်ထဲသို့ ပြောင်းထည့်၍ ပျိုးရပါမည်။ ပျိုးပင်သက်တမ်း (၃) လအကြာတွင် စိုက်ခင်းသို့ ပြောင်းရွှေ့စိုက်ပျိုးပေးရမည်။ ကညွှတ်သ်တမ်းသည် ပျမ်းမျှအားဖြင့် (၇) နှစ်သက်တမ်းရှိပါသည်။ အပူပိုင်းဒေသနှင့် အအေးပိုင်းဒေသ နှစ်မျိုးလုံးဖြစ်ထွန်းနိုင်ပါသည်။ သဲနှုန်းမြေအမျိုးအစားကို ပိုမိုကြိုက်နှစ်သက်သည်။ ပင်ကြားတစ်ပေခွဲ၊ တန်းကြား(၃) ပေ ဖြင့် စိုက်ပျိုးနိုင်သည်။ အပင်အရွယ် (၁)ပေခွဲ အရွယ်တွင် သားခွဲသော အလုပ်ကို လုပ်ပေးရမည်။ အပင်သေးများ ၊ အပင်ကြပ်များနှင့်…

Read More

စပါးတွင်ကျရောက်သောဖြုတ်ညိုပိုးအကြောင်း

ဖြုတ်ညိုသည် စပါးတွင် အဓိက ဖျက်ပိုးတစ်မျိုးဖြစ်ပါသည်။ စပါးစိုက်ဒေသအသီးသီးတွင် ဖြုတ်ညိုကျရောက် ဖျက်စီးခြင်းကို ခံနေရပါသည်။ ဖြုတ်ညိုကျရောက်ပါက စပါးအထွက်နှုန်းကို သိသာစွာကျဆင်းစေပါသည်။ ဖြုတ်ညိုသည် စပါး/ကြံ နှင့် မြက်မျိုးနွယ်ဝင်များတွင် ကျရောက်ပါသည်။ အကောင်ငယ်နှင့်အရွယ်ရောက်အကောင် နှစ်ဆင့်လုံးတွင် စပါးပင်များကိုဖျက်ဆီးပါသည်။ စပါးပင်ရည်များကိုစုပ်စားခြင်းဖြင့် ဖျက်ဆီးပါသည်။ အရွယ်ရောက်သော အမသည် ရွက်ကြောများပေါ်တွင် အတွင်းသို့ဖောက်၍ ဥများကို အစုလိုက်ဥကြပါသည်။ အစုတစ်ခုတွင် ဥပေါင်း(၂-၁၁)လုံးအထိဥတက်ပြီး တစ်ခါဥလှင် ဥအစုအဝေး(Masses) ၁၂၄ ခုခန့် ဥလေ့ရှိပါသည်။ ဥ အုပြီး ၄-၈ရက်အကြာတွင် အကောင်ပေါက်ပါသည်။ အကောင်ငယ်သည်မှ ဥပေါက်သည့် နေ့မှစ၍ အပင်၏နုသော အစိတ်အပိုင်းများတွင် စတင်ဖျက်ဆီးပါသည်။ အကောင်ငယ်သည် အရေခွံ ၄-၅ကြိမ်လဲပြီးလျှင် အကောင်ကြီးအဆင့်သို့ရောက်ပါသည်။ ဖြုတ်ညို၏ ဘဝစက်ဝန်းကာလသည် ရာသီပေါ်မူတည်၍ ကွာခြားနိုင်ပါသည်။ (ဇွန်လ-အောက်တိုဘာလ) ဘဝစက်ဝန်းတစ်ပတ်ပြည့်ရန် (၁၈-၂၄)ရက်…

Read More

မျိုးစေ့အသစ်များ၏အားသာချက် အားနည်းချက်များ

မျိုးစေ့မမှန် ပင်မသန်ဆိုသော စကားသည် စိုက်ပျိုးရေးလောက မျိုးစေ့လောကအတွက်လွန်စွာအရေးကြီးသောစကားဖြစ်သည်။မျိုးစေ့မှန်ကန်မှသာ ပိုးရောဂါဒါဏ်ခံနိုင်ရည်ရှိသော ၊ အထွက်ကောင်းသော အပင်များဖြစ်လာပါမည်။ယခုအခါ ပြည်တွင်းစိုက်ပျိုးရေးသုတေသနဌာနများမှ စမ်းသပ်စိုက်ပျိုးပြီးဖြန့်ချိ၍၎င်း နိုင်ငံခြားတိုင်းပြည်များမှတင်သွင်း၍၎င်း စပ်မျိုးများစွာသည် တောင်သူများလက်ဝယ်သို့ရောက်ရှိနေကြပြီဖြစ်သည်။ စပါးစပ်မျိုး ၊ အစေ့ထုတ်ပြောင်းစပ်မျိုး ၊ဟင်းသီးဟင်းရွက်စပ်မျိုးများသည် လွန်စွာပေါများလှသည်။ စပ်မျိုးများပေါများလာသကဲ့သို့ တောင်သူများဖက်မှလည်း ရွေးချယ်ဝယ်ယူရခက်လာသည့်အနေအထားများကိုတွေ့လာနေရပါသည်။ လူမှာအမျိုးဟူသောစကားသည် လူတို့တင်ပင်မဟုတ် အပင်မျိုးစေ့များ၌လည်း အရေးကြီးလှပါသည်။ စပ်မျိုးတစ်မျိုးသည် မိဘမျိုးရိုးမှအဆင့်ဆင့်စပ်ပြီးမှ ရရှိလာသည်ဖြစ်ရာ မိဘမျိုး၏ရောဂါဒါဏ်ခံနိုင်မှု/အထွက်ကောင်းမှုများက အနည်းနှင့်အများ လွှမ်းမိုးနေတတ်ပါသည်။ ဥပမာ အစေ့ထုတ်ပြောင်းစပ်မျိုးအသစ်များ၏အထွက်ကောင်းလာမှု ရွက်ခြောက်ရောဂါဒါဏ်ခံနိုင်ရည်ရှိလာမှုသည် ၎င်းလာရာမိဘမျိုးနှင့် တိုက်ရိုက်ပါတ်သက်နေပါသည်။ ထို့အတူ တစ်ချို့မျိုးများတွင်လည်း ပြောင်းဖူးထိပ်မလုံခြင်း ၊ဖိုးသွားကြဲဖြစ်ခြင်းတို့ကြုံရတတ်ပြန်ရာ ထိုဆိုးကျိုးများသည်လည်း မိဘမျိုးရိုး၏လွှမ်းမိုးမှု ဟုသိထားရန်အရေးကြီးပါသည်။ ထိုလက္ခဏာများထက်ပိုမိုအရေးကြီးသောအချက်မှာ စိုက်ပျိုးမည့် စပ်မျိုးသည် မိမိစိုက်ပျိုးမည့် အရပ်ဒေသ/ရာသီဥတုနှင့်ကိုက်ညီမှုရှိမရှိ ကြိုတင်စဉ်းစားချင့်ချိန်ရန်ဖြစ်ပါသည်။ တောင်ပေါ်/မြေပြန် ၊ ့ မိုးရေချိန်အနည်းအများ၊ ဈေးကွက်သို့တင်ပို့ရမည့်လမ်းကြောင်းစသည်တို့ကိုကြိုတင်…

Read More

သီးနှံများ၏ ရိတ်သိမ်းချိန်လွန် ဆုံးရှူံးမှုများအား ထိန်းသိမ်းခြင်း

သီးနှံများတွင် မရိတ်သိမ်းမီ ဆုံးရှူံးမှုများနှင့် ရိတ်သိမ်းပြီးချိန်ဆုံးရှူံးမှုများဟူ၍ နှစ်ပိုင်းရှိပါသည်။ ဆုံးရှူံးရာတွင် သီးနှံများ၏ အရည်အသွေး ဆုံးရှူံးခြင်း၊ ထုထယ်ပမာဏ ဆုံးရှူံးခြင်းများ ရှိပါသည်။ မရိတ်သိမ်းမီ ဆုံးရှူံးခြင်းသည် သဘာဝရာသီဥတုဒဏ်များဖြစ်သည့် အပူလွန်ကဲခြင်း၊ အအေးလွန်ကဲခြင်း၊ မုန်တိုင်းတိုင်ခြင်း၊ ရေကြီးခြင်း၊ ရေနစ်မြုပ်ခံရခြင်း၊ မီးလောင်ခြင်း၊ ပိုးမွှားရောဂါ ကျရောက်ဖျက်စီးခံရခြင်း တို့ဖြစ်ပါသည်။ အလွန်ဆိုးရွားသော ရာသီဥတုဖောက်ပြန်မှုဒဏ်များခံရပါက ၁၀၀ ရာခိုင်နှုန်းထိခံကြရပါသည်။ ဟင်းသီးဟင်းရွက်များ မရိတ်သိမ်းမီ ဆုံးရှူံးမှုဖြစ်ရခြင်းများမှာ သီးနှံကာကွယ်ရေးနည်းစနစ်အားနည်းခြင်း၊ ရိတ်သိမ်းစဉ် ထိခိုက်ဒဏ်ရာရရှိခြင်း၊ ဇီဝကမ္မဆိုင်ရာဒဏ်ရာရခြင်း၊ နည်းပညာအားနည်းခြင်းတို့ကြောင့်ဖြစ်သည်။ ရိတ်သိမ်းပြီးချိန်ဆုံးရှူံးမှု ဖြစ်ရခြင်းများမှာ ရိတ်သိမ်းသည့်နည်းစနစ်မမှန်ကန်ခြင်း၊ ရိတ်သိမ်းချိန်မမှန်ကန်ခြင်း၊ သယ်ယူကိုင်တွယ် ခြွေလှေ့စနစ်မမှန်ကန်ခြင်း၊ အခြောက်ခံသည့် စနစ်မမှန်ကန်ခြင်း သိုလှောင်ထိန်းသိမ်းသည့် စနစ်တို့ မမှန်ကန်ခြင်းကြောင့်ဖြစ်ပါသည်။ သီနှံများ ရိတ်သိမ်းနည်းစနစ်မမှန်ကန်ခြင်းကြောင့်ဖြစ်ရခြင်းမှာ အလွန်သတိပြုရမည့် အချက်ဖြစ်ပါသည်။ လက်ဖြင့် ရိတ်သိမ်းခူးဆွတ်သည်ဖြစ်စေ၊ စက်ဖြင့် ရိတ်သိမ်းခူးဆွတ်သည်ဖြစ်စေ…

Read More

ပိုးသတ်ဆေး ထုတ်လုပ်နိုင်သော အပင်များနှင့် ကာကွယ်နိုင်သော ပိုးမွှားမျာ

သီးနှံဖျက်ပိုးမွှားများကို ကာကွယ်နှိမ်နင်းရာတွင် အပင်ထွက် သဘာဝပိုးသတ်ဆေး များကို ဖော်ထုတ်အသုံးပြုကြရန် လိုပေသည်။ ယခုအခါ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် လည်းကောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်လည်းကောင်း အပင်ထွက်သဘာဝပိုးသတ်ဆေးများကို ဖော်ထုတ်အသုံးပြုရန် တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။၁။ တမာ၂။ သြဇာ၃။ ကြက်ဟင်းခါး၄။ ပဲစိမ်းစား၅။ နွယ်သာကီ၆။ မဲရိုင်း၇။ ကြောင်ပန်းကြီး၈။ ဆေးရွက်ကြီး ၁။တမာလတ်ဆတ်သောတမားစေ့(၆၀)ကျပ်သားကို လက်ဆုံဖြင့် အဆန်ကွဲရုံထောင်းကာ ရေနှစ်ဂါလံဖြင့် ရောမွှေပြီး နှစ်ရက်ခန့်ရေစိမ်ထားပါ။ထို့နောက်တမာစေ့အရည်များကို ပိတ်ပါးပါးနှင့်စစ်ပေးပြီး မိမိပတ်ဖျန်းလိုသောသီးနှံခင်းတွင် ပတ်ဖျန်းပေးပါ။ တမာစေ့ (၆၀)ကျပ်သားမှရသည့် တမာပျော်ဝင်ရည်သည် ကူဘိုတာ (အေ – ၈)ဆေးဖျန်းပုံးတွင် ရေအပြည့်ဖြည့်ပြီး ဖျန်းပေးရန် သင့်လျော်သော နှုန်းထားဖြစ်သည်။တမာရွက်ခြောက်ကိုလည်း လက်ဆုံဖြင့်ထောင်းကာ ထောင်းပြီးသားတမာရွက်ခြောက်များကို ရေဖြင့် ရောမွှေကာ နှစ်ညသိပ်ပြီး ပိတ်ပါးဖြင့်စစ်ခါ သဘာဝပိုးသတ်ဆေးအဖြစ် အသုံးပြုနိုင်ပါသည်။တမာစေ့အကွဲများတစ်ဆလျင် မီသနော(အရက်ပျံ)ဆယ်ဆဖြင့် ငါးနာရီခန့်မွှေပေးပြီးအနည်ထိုင်စေရန် (၂၄)နာရီခန့်ထားပါ။ထို့ပြင်…

Read More

အာဖရိက သီးနှံဖျက်ပိုး အာရှ ရောက်နေပြီ

အာဖရိက သီးနှံဖျက်ပိုး အာရှ ရောက်နေပြီ Wednesday,August 15,2018 အာဖရိကနဲ့ အမေရိကမှာ ဖျက်ဆီးဖူးသွားတဲ့ သီးနှံဖျက်ပိုးဗောက်ဖတ်တမျိုးကို အိန္ဒိယနိုင်ငံမှာ တွေ့ရတဲ့အတွက် အာရှနိုင်ငံတွေရဲ့စိုက်ပျိုးရေး အကြီးအကျယ်ထိခ်ိုက်နိုင်မှာကို စိုးရိမ်ရတယ်လို့ CNN သတင်းတပုဒ်က ဖော်ပြပါတယ်။ ပြောင်းနဲ့ တခြားအဓိက သီးနှံတွေကို ကိုက်ဖဲ့စားတဲ့ပိုးကို Karnataka ပြည်နယ်မှာတွေ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီပြည်နယ်နဲ့ကပ်ရက်က Tamil Nadu ပြည်နယ် စိုက်ပျိုးရေးတက္ကသိုလ်ဝင်းက ပြောင်းသီးနှံ ၁၅% ကနေ ၂၀% မှာ အဲဒီပိုးတွေ့ရတယ်လို့ ဆိုပါတယ်။ ဒီပိုးဖျက်လို့ အာဖရိကတိုက်က ၁၂ နိုင်ငံလောက်မှာ သီးနှံတွေပျက်စီးခဲ့ရပြီး ဇင်ဘာဘွေန်ိုင်ငံက တချို့နေရာတွေမှာ သီးနှံ ၇၀ % ဆုံးရှူံးခဲ့ရပါတယ်။ ဒီသီးနှံဖျက်ပိုးကြောင့် အာဖရိကနိုင်ငံတွေမှာ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၄…

Read More

မြန်မာနိုင်ငံကိုလည်းရောက်လာပြီဖြစ်တဲ့ ငမြောင်တောင်ပိုး

မြန်မာနိုင်ငံကိုလည်းရောက်လာပြီဖြစ်တဲ့ ငမြောင်တောင်ပိုး အင်္ဂလိပ်အမည် – Fall Armyworm (FAW) မြန်မာအမည် – ငမြှောင်တောင် သိပ္ပံအမည် – Spodoptera frugiperda စားသောက်ပုံ – ကိုက်ဖြတ်ခြစ်ယူစားသောက်သည် မူရင်းဒေသ အမေရိကဖြစ်သည့် ငမြှောင်တောင်ပိုး Fall Armyworm (FAW) Spodoptera frugiperda ကို ၂၀၁၆ ခုနှစ်အစောပိုင်းမှစ၍ အာဖရိကတွင် တွေ့ရှိခဲ့ရပြီး ပြောင်းနှင့် အခြားအဓိက သီးနှံများဖြစ်သော စပါး၊ မြေပဲ၊ ဟင်းသီးဟင်းရွက်နှင့် ဝါသီးနှံအပါအဝင် သီးနှံအမျိုးပေါင်း (၈၀) ကျော်ကို စားသောက်ဖျက်ဆီး နိုင်သည့်အပြင် ဖလံကောင်မှာ တစ်ညအတွင်း ကီလိုမီတာ (၁၀၀) ထိ ပျံသန်းနိုင်စွမ်း ရှိပါသည်။ ထိရောက်စွာနှိမ်နင်းနိုင်ခြင်းမရှိလျင် သီးနှံအထွက်နှုန်း ကို (၁၀၀)ရာခိုင်နှုန်းအထိ သိသိသာသာထိခိုက်စေနိုင်သည့် အလားအလာများစွာရှိနေသော…

Read More