Fusarium wilt of Tomato

မနက်ခင်း ရုံးကို ရောက်တုန်း ဖုန်းတွေစက်ဖွင့်ခါက ရှိသေးတယ် ဖုန်းဝင်လာပြီ ။ကြားသားမိုးကြိုးပါလား။ မနက်စောစော ဘယ်သူဆီကပါလိမ့်။“ဟယ်လို ဆရာလေးလား “ “ဟုတ်ကဲ့……. ဘယ်သူပါလည်းခင်ဗျ”“ဟာဗျာ ကျ တော်ပါဗျ အင်းထဲကတောင်သူပါ”“အော် မှတ်မိပြီ ။ ဦးလေး နေကောင်းလားဗျ” “ကဲ ပြောပါဦးစောစောစီးစီးဖုန်းတွေဆက်လို့ပါလား “ “အေးဗျာ ဆရာလေး ကျ တော်ခရမ်းချဉ်ခင်း က ရောဂါနည်းနည်းကျလာတယ် ဗျာ ကျ တော့်က အစက ရေငတ်တယ်ထင်နေတာ။ ရေလည်းသွင်းပေးနေတာကိုပဲဗျာ ။ ကျ တော့် page ကနေ ပုံလေး ပို့ပေးလိုက်မယ်နော် ဆရာလေး “ “ဟုတ်ကဲ့ ဦးလေး ကျ တော်ကြည့်လိုက်မယ်နော် ……”တောင်သူပို့ပေးလာတဲ့ ပင်ပြလက္ခကို ခွဲခြားဆန်းစစ်ကြည့်လိုက်သည်အခါ ခရမ်းချဉ်ပင်တွေမှာ ဖြစ်ေ့လဖြစ်ထရှိတတ်တဲ့ အပင်ညိုးစေတဲ့ ရောဂါတစ်မျိးပါ…

Read More

စပါးပင်အထွက်တိုးဖို့ အမြစ်ကောင်းအောင်ဆောင်ရွက်ကြစို့

ဒီနေ့မှာတော့ ဦးကြီးတို့ကို ပြောပြပေးမည့် အကြောင်းက စပါးပင်မှာ မြေပေါ်ပိုင်း အစိတ်အပိုင်းတွေ ကောင်းစွာကြီးထွားနိုင်ဖို့ များစွာအထောက်အကူပေးနေသော အမြစ်တို့ရဲ့ အကြောင်းဖြစ်ပါတယ်။ ကျတော်ထင်ပါတယ် ဦးကြီးတို့ အများစုကတော့ မြေပေါ်ပိုင်းကြီးထွားမှု ကို အဓိကထားကြည့်ပြီး စပါးခင်းကောင်းတယ် မကောင်းဘူး ၊ ကျွေးလိုက်တဲ့ မြေဆီကြိုက်တယ် မကြိုက်ဘူး ဆုံးဖြတ်မယ် ထင်ပါတယ်။ အမှန်ကတော့ အဲလို မြေပေါ်ပိုင်း အစိတ်အပိုင်းတွေ ကောင်းစွာဖြစ်နေဖို့ အထောက်အကူဖြစ်ပြုနေသော အမြစ်အကြောင်းကို ဂရုမမှု မိ ဖြစ်နေတက်ပါတယ်။ အမြစ် အမြစ်ဆိုတာက စပါးပင်သက်တမ်း တစ်လျှောက်လုံး ကောင်းစွာ ကြီးထွားနိုင်ဖို့ လိုအပ်သော အရာမှန်သမျှကို ထောက်ပံ့ပေးနေသော အရင်းအမြစ်မိခင်(Source) ကြီးဖြစ်ပါတယ် ။ အရွက်အခက်များ အစာချက်လုပ်ဖို့ရန်အတွက် လိုအပ်သော ရေ(water) ကို အမြစ်မှ ရယူပေးတယ်။ ကြီးထွားဖို့ရန်အတွက်…

Read More

ခရမ်းချဉ်ပန်းပွင့် ဘာကြောင့်များ အသီးမတင်နိုင်ဘဲ ကြွေကျရတာလဲ

ခေတ်စနစ်တွေပြောင်းလဲလာသည့် နှင့်အမျှ မြန်မာနိုင်ငံရှိ စိုက်ပျိုးထုတ်လုပ်သူ တောင်သူဦးကြီးများလည်း စိုက်စနစ်အသစ်တွေ ၊ မျိုးအသစ်တွေကို ကျယ်ကျယ်ပြန်ပြန့် တိုးချဲ့စိုက်ပျိုးလာကြနေပါပြီး။ ဒီနေ့မှာတော့ ခရမ်းချဉ်သီးနှံအကြောင်းကို တင်ဆက်ပေးသွားမည်။ ကျွန်တော်တို့ ငယ်ငယ်အရွယ်ကဆို မိဘတွေ စိုက်ပျိုးကြသည့် ခရမ်းချဉ်မျိုးများမှာ တိုင်ထောင်စရာမလိုအပ်တဲ့ ဒေသမျိုးများပဲ ဖြစ်ပါတယ်။ အပူဒဏ် ၊ အအေးဒဏ် အင်မတန်မှ ခံနိုင်ရည်ရှိသော မျိုးများဖြစ်ပါတယ်။ အသီးသီး မှု အင်မတန်မှ ကောင်းမွန်ပြီး ဓာတ်မြေသြဇာ ကျွေးစရာမလိုအပ်သည်။ မှတ်မိပါသေးသည် ငယ်ငယ်ကဆို မိဘတွေ ခရမ်းချဉ်ခင် ပိုးမွှားရောဂါကျလို့ ဆေးဖျန်းရတာ ရှားပါးသော အဖြစ်ဟု မှတ်ရလောက်ပါသည်။ ခရမ်းချဉ်ခင်းမှာ ဆေးဖျန်းစရာကို မလိုအပ်သည်။ အခုခေတ်အရ Good Agricultural Practices (GAP)စိုက်နည်းစနစ်လို့ ခေါ်လိုရသည်။ ဆေးဓာတ်ကြွင်းကင်းတာကိုး။ ရာစုနှစ်တစ်ခု မြန်မာနိုင်ငံအတွင်းသို့ ပြည်ပ…

Read More

စပါးမှိုသီရောဂါ ( False smut Diseases of Rice )

အရင်အပတ် က Facebook က စိုက်ပျိုးရေး ဂရုတစ်ခုမှာ ကျတော်ကြည့်မိလိုက်တော့ တချို့တောင်သူတွေက ဘာရောဂါကြီးလည်း ၊ ပိုးဥတွေကပ်နေတာလားလို့မေးကြတော့ အော် ဒီရောဂါကလည်း တို့တောင်သူတွေအတွက်အရေးကြီးသကိုး ။ရေးလိုက်ပါဦးမယ် လေဆိုပြီး ………စိတ်ကူးလိုက်မိတယ် ။ ဆက်လက်ပြီး ဒီနေ့အတွက် တောင်သူတွေ အတွက် ပြောပြပေးမှာကတော့ စပါးစိုက်တောင်သူတွေ အတွက် အခုလိုအချိန် မိုးအကုန် ဆောင်းအကူး ဖျက်မိုး လာချိန်ကျ ရင် တချို့နယ်တွေ မှာ အထွက်နှုံးကိုပါ ကျ စေပြီး ၊ စပါးစေ့ အရည်အသွေးကိုပါ ထိခိုက်စေတတ်တဲ့ ရောဂါတစ်မျိုးအကြောင်းကို ကျ တော် က ဆွေးနွေးပေးချင်တာ ။ ရောဂါနာမည်ကို တော့ False smut ( စပါးမှိုသီး ) ရောဂါလို့ခေါ်ပါတယ် ။ကျတော်က…

Read More

ကြွက်နှင့်ပေါင်းပင်များအကြောင်းသိကောင်းစရာ

ကြွက်နှင့်ပေါင်းပင်များအကြောင်းသိကောင်းစရာ ကြွက်အကြောင်း စိုက်ပျိုးရေးလုပ်ငန်းတွင် အရေးကြီးသောဖျက်ကောင်တစ်မျိုးမှာ ကြွက်ဖြစ်သည်။ စိုက်ပျိုးရေးတွင် အများဆုံးတွေ့ရသော ကြွက်မျိုးများမှာ-၁။ မြေကြွက်ငယ် ၄။ အိမ်ကြွက်၂။ မြေကြွက်ကြီး ၅။ ကြွက်ဖားလောင်း၃။ ကြွက်ဝမ်းဖြူ ၆။ ကြွက်စုတ်၇။ ပွေး ကာကွယ်နှိမ်နင်းရန်နည်းလမ်းများ၏– ၁။ သန့်ရှင်းရေးဆောင်ရွက်ခြင်း။ ၂။ ပုံမှန်စောင့်ကြည့်စစ်ဆေးခြင်း။ ၃။ လက်လုပ်နည်းဖြင့် နှိမ်နင်းခြင်း။ ၄။ မြေအိုးမြှူပ် နှိမ်နင်းခြင်း။ ၅။ သဘာဝရန်သူမွေးနှိမ်နင်းခြင်း။ ၆။ မျှားစာအဆိပ် ပြုလုပ်နှိမ်နင်းခြင်း။ ၇။ ဓာတုဆေးသုံး၍ နှိမ်နင်းခြင်း။ ကြွက်သတ်ဆေးချချိန် ၁။ မိုးစပါး စိုက်ချိန်/ ဖုံးစလုံးစအချိန် ၂။ နွေစပါး စိုက်ချိန်/ ဖုံးစလုံးစအချိန် ၃။ ဆောင်းသီးနှံ စိုက်ချိန်/ ပန်းပွင့်ချိန် ၄။ ပြောင်း စိုက်ချိန်/ အဖူးမဖူးမီ ကြွက်သတ်ဆေးအမျိုးအစားများ-မန္တလာ…

Read More

ခရမ်းချဥ်မှာ ထိပ်ပုပ်တာ ဘာကြောင့်လဲ.?

ခရမ်းချဥ်မှာ ထိပ်ပုပ်တာ ဘာကြောင့်လဲ.?☑ ခရမ်းချဉ် အသီး စတင်သီးပြီး ဆိုထိပ်ပုပ်သည့် အခြေအနေဟာ ဦးကြီးတို့အတွက် စိတ်ဘဝင်မကျ ဖြစ်ရပါတယ် ဒါကြောင့် သို့လော သို့လော ဖြစ်နေတဲ့ပြသနာကို လေ့လာကြည့်ရအောင် ခင်ဗျ☑ခရမ်းချဥ်သီးမှာ ဖြစ်သော ထိပ်ပုပ်သည့် လက္ခဏာသည် ရောဂါပိုးမွှားကြောင့်ဖြစ်သော လက္ခဏာ မဟုတ်ပါဘူးခင်ဗျ…ဇီဝကမ္မပြောင်းလဲမှုကြောင့် ဖြစ်လာသော လက္ခဏာ ဖြစ်ပါတယ်✔အသီးများ၏ အောက်ခြေမှစတင်၍ စိမ်းပုပ်ရောင် သို့မဟုတ် အညို့ရင့်ရောင် ရေစိုနာအကွက်များ စတင်တွေ့ရတယ် ဆိုးရွားလာပါက နေလောင်ဒဏ်ရာဖြစ်လာပြီး အသီးတစ်ဝက်ထိ ပုပ်သွားပါတယ်…☑များသောအားဖြင့် ကယ်လ်ဆီယမ် Ca ချို့တဲ့ လျှင် ထိပ်ပုပ်အဖြစ်များပါတယ် ခရမ်းချဉ် အသီးဆီသို့ ကယ်လ်ဆီယမ် ပို့ဆောင်မှုကို ဟန့်တားခြင်းခံရပါက ဖြစ်တတ်ပါတယ်☑ကယ်လ်ဆီယမ် Ca ဓာတ်သည် ရေနှင့်အတူ ရွေ့လျားသွားရတယ်. ရေငတ်ဒဏ်ခံရသော အခြေအနေဟာ အသီးဆီသို့ Ca ဓာတ်…

Read More

ငှက်ပျောသီးနှင့် ကျန်းမာရေး

၁၂ရာသီပတ်လုံး ဖောဖောသီသီရနိုင်သော အသီးများထဲတွင် ငှက်ပျောသီးသည်လည်း တစ်မျိုးအပါအဝင်ဖြစ်သည်။ အစာကြေညက်လွယ် သောကြောင့် အရွယ်သုံးပါးမရွေး စားသုံးနိုင်သည်။“နံနက်သင်္ဘော ညငှက်ပျော” ဆိုသည့်အတိုင်း ညအိပ်ယာဝင်ခါနီးတိုင်း စားပေးသင့်ပါသည်။ ငှက်ပျောခွံပေါ်တွင်အမဲရောင်အစက်အပြောက် များလေ ရင့်မှည့်လေဖြစ်သောကြောင့် အနံ့၊ အရသာ၊ အာနိသင် ပိုကောင်းလေဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖီးကြမ်း၊ သီးမွှေး၊ ဆင်အံ၊ နံ့သာပု၊ ငှက်ပျောချဉ်၊ ရွှေနီငှက်ပျော၊ ရခိုင်၊ ဝက်မလွတ် စသဖြင့် ငှက်ပျောမျိုးစုံလင်လှသလို တစ်မျိုးချင်းစီအလိုက် အာနိသင်များပါရှိနေသည်။ဖီးကြမ်းငှက်ပျောခန္ဓာကိုယ်အတွင်းအပူများသူများအတွက် အထူးသင့်တော်သည်။ ကျောင်းနေ အရွယ်ကလေးများကို ဖီးကြမ်းငှက်ပျောသီးတစ်လုံးနှင့် လက်ဖက်ရည် တစ်ဇွန်းစာ ပမာဏရှိသော ပင်စိမ်းရွက်သတ္တုရည်တစ်ဇွန်းကို သမအောင်ရောပြီး နေ့စဉ် ကျွေးခြင်းဖြင့် ဦးနှောက်ဖွံ့ဖြိုးပြီး မှတ်ဉာဏ်ကောင်းစေသည်။ မီးလောင်ဒဏ်ရာ များအတွက် ဖီးကြမ်းငှက်ပျောသီးမှည့် အုံပေးပြီး ငှက်ပျောဖက်ခင်းအိပ်ပါ။ (ဖီးကြမ်းငှက်ပျောပင်စည်ကို မုန့်ဟင်းခါးဟင်းရည်ချက်ရန် မသင့်တော်ပါ။ အရသာ…

Read More

စပါးတွင်ကျရောက်သောဖြုတ်ညိုပိုးအကြောင်း

ဖြုတ်ညိုသည် စပါးတွင် အဓိက ဖျက်ပိုးတစ်မျိုးဖြစ်ပါသည်။ စပါးစိုက်ဒေသအသီးသီးတွင် ဖြုတ်ညိုကျရောက် ဖျက်စီးခြင်းကို ခံနေရပါသည်။ ဖြုတ်ညိုကျရောက်ပါက စပါးအထွက်နှုန်းကို သိသာစွာကျဆင်းစေပါသည်။ ဖြုတ်ညိုသည် စပါး/ကြံ နှင့် မြက်မျိုးနွယ်ဝင်များတွင် ကျရောက်ပါသည်။ အကောင်ငယ်နှင့်အရွယ်ရောက်အကောင် နှစ်ဆင့်လုံးတွင် စပါးပင်များကိုဖျက်ဆီးပါသည်။ စပါးပင်ရည်များကိုစုပ်စားခြင်းဖြင့် ဖျက်ဆီးပါသည်။ အရွယ်ရောက်သော အမသည် ရွက်ကြောများပေါ်တွင် အတွင်းသို့ဖောက်၍ ဥများကို အစုလိုက်ဥကြပါသည်။ အစုတစ်ခုတွင် ဥပေါင်း(၂-၁၁)လုံးအထိဥတက်ပြီး တစ်ခါဥလှင် ဥအစုအဝေး(Masses) ၁၂၄ ခုခန့် ဥလေ့ရှိပါသည်။ ဥ အုပြီး ၄-၈ရက်အကြာတွင် အကောင်ပေါက်ပါသည်။ အကောင်ငယ်သည်မှ ဥပေါက်သည့် နေ့မှစ၍ အပင်၏နုသော အစိတ်အပိုင်းများတွင် စတင်ဖျက်ဆီးပါသည်။ အကောင်ငယ်သည် အရေခွံ ၄-၅ကြိမ်လဲပြီးလျှင် အကောင်ကြီးအဆင့်သို့ရောက်ပါသည်။ ဖြုတ်ညို၏ ဘဝစက်ဝန်းကာလသည် ရာသီပေါ်မူတည်၍ ကွာခြားနိုင်ပါသည်။ (ဇွန်လ-အောက်တိုဘာလ) ဘဝစက်ဝန်းတစ်ပတ်ပြည့်ရန် (၁၈-၂၄)ရက်…

Read More