Fusarium wilt of Tomato

မနက်ခင်း ရုံးကို ရောက်တုန်း ဖုန်းတွေစက်ဖွင့်ခါက ရှိသေးတယ် ဖုန်းဝင်လာပြီ ။ကြားသားမိုးကြိုးပါလား။ မနက်စောစော ဘယ်သူဆီကပါလိမ့်။“ဟယ်လို ဆရာလေးလား “

“ဟုတ်ကဲ့……. ဘယ်သူပါလည်းခင်ဗျ”“ဟာဗျာ ကျ တော်ပါဗျ

အင်းထဲကတောင်သူပါ”“အော် မှတ်မိပြီ ။ ဦးလေး နေကောင်းလားဗျ”

“ကဲ ပြောပါဦးစောစောစီးစီးဖုန်းတွေဆက်လို့ပါလား “

“အေးဗျာ ဆရာလေး ကျ တော်ခရမ်းချဉ်ခင်း က ရောဂါနည်းနည်းကျလာတယ် ဗျာ ကျ တော့်က အစက ရေငတ်တယ်ထင်နေတာ။ ရေလည်းသွင်းပေးနေတာကိုပဲဗျာ ။ ကျ တော့် page ကနေ ပုံလေး ပို့ပေးလိုက်မယ်နော် ဆရာလေး “

“ဟုတ်ကဲ့ ဦးလေး ကျ တော်ကြည့်လိုက်မယ်နော် ……”တောင်သူပို့ပေးလာတဲ့ ပင်ပြလက္ခကို ခွဲခြားဆန်းစစ်ကြည့်လိုက်သည်အခါ

♦ခရမ်းချဉ်ပင်တွေမှာ ဖြစ်ေ့လဖြစ်ထရှိတတ်တဲ့ အပင်ညိုးစေတဲ့ ရောဂါတစ်မျိးပါ ။ ခက်တာက ဖြူးစေရီယမ်မှို ကြောင့် ဖြစ်တာလားဆိုတာ သေချာဆန်းစစ်ဖို့လိုအပ်ပါတယ် ။

♦ပြောရရင် ဒီရောဂါ ဟာ အပူချိန် နည်းနည်းပူလာရင် ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့အပြင် ၊ ရောဂါ ဖြစ်စေတဲ့ မှိုက မြေဆောင်ရောဂါ ဖြစ်ပါတယ် ။ ဒါကြောင့် မြေကြီးထဲမှာ နှစ် ၃၀ လောက်ထိ အောင်းနေနိုင်တယ်

♦စိုက်ပျိုးထားသည့်မြေသည် သဲဆန်နေရင် ရောဂါဖြစ်စေတဲ့မှို သည် ၁၀ နှစ်လောက်ထိ အောင်းနိုင်ပါသည် ။ ဒါကြောင့်မို့ကျတော်တို့အနေဖြင့် ရောဂါကို နှိမ်နင်းတဲ့အခါမှာ ဓာတုဆေး တစ်မျိုုးတည်း လည်း အဆင်မပြေနိုင်ပါ ။ နည်းလမ်းစွယ်စုံအသုံးပြုပေးရပါမယ် ။ ဒါကို လည်း ရောဂါစီမံခန့်ခွဲပုံအနေဖြင့် ဆက်ပြောပြမယ် ။

♦လက္ခဏာက အကြမ်းဖျင်းပြောရရင် ရေငတ်တာနဲ့သွားပြီးဆင်တူပြန်ပါတယ် ။ အပင်တွေမှာရာသီဥတုပူပြီး ရေငတ်လာတဲ့အခါ အရွက်တွေဝါလာတဲ့ ပုံနဲ့ဆင်တူပါတယ် ။

♦ခရမ်းချဉ်ပင်မှာ ဖြစ်တတ်တဲ့ ပထမဆုံး အနေဖြင့် မြေကြီးနဲ့အနီးကပ်ဆုံး ဖြစ်တဲ့ အောက်အရွက်တွေ တွင် ဝါ လာမယ် ။ တဖြည်းဖြည်း အညိုရောင် ပြောင်းလာပြိး ခြောက်လာမယ် ။ နောက်ဆုံးမှာတော့ အပင်ကညိုးသွားပါမယ် ။ အဆင့် အဆင့် ဖြစ်တဲ့လက္ခဏာ ဖြစ်ပါတယ် ။ ပိုပြိး အတိအကျ ပြောရရင် ခရမ်းချဉ်ပင်စည်ကို တစောင်းဖြတ်ကြည့်ရင် ပို ပြီးတိကျနိုင်ပါတယ် ။( အညို ရောင် အစင်း ကြောင်းတွေ မြင်နိုင်ပါတယ် ။ )

♦ရောဂါကျလာလို ကုသတော့မယ်ဆိုရင် အကောင်းဆုံးက ဓာတုဆေးကို သုံးတာမှန်ပင်မဲ့လည်း ၊ အသုံးများသွားရင် ဆေးယဉ်ပါးခြင်းတွေ ဖြစ်တတ်ပြီး အနာနဲ့ဆေးနဲ့မတိုးတာတွေ လည်း ဖြစ်တတ်ပါတယ်

♦ထို့ကြောင့် သဘာဝနည်းလမ်းတွေ ၊ ဇီဝနည်းလမ်းတွေကို အသုံးပြုပြီး ကာကွယ်ကုသနိုင်ပါတယ် ။သဘာဝနည်းလမ်းအနေနဲ့သီးလှည့်စိုက်ပျိုးရပါမယ် ။ ခရမ်းချဉ်ကို ပန်းဂေါ်ဖီ ၊ ဂေါ်ဖီထုတ်တို့ဖြင့်သီးလှည့်စိုက်ပျိုးပေးရပါမယ် ။ အခက်အခဲရှိပါက မျိုးကို မကြာဆိုသလို လဲလှယ်ပေးဖို့လိုအပ်ပါတယ် ။ F 1 မျိုးစေ့မှ မျိုးပြန်ခံခြင်းကို ရှောင်ပေးဖို့လိုပါမယ် ။ မစိုက်ခင်တွင် မျိုးစေ့လူးနယ်ပြီးမှ စိုက်ပျိုးသင့်ပါတယ် ။ မစိုက်ခင် မြေပြင်ချိန်တွင် မြေဆွေးပြုလုပ်အသုံးပြုသင့်သလို သစ်စိမ်း မြေသြဇာကိုလည်း ပြုလုပ်သုံးစွဲသင့်ပါတယ် ။

♦ဇီဝနည်းလမ်းအနေနဲ့ဈေးကွက်ထဲတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့ ဒရိုင်ဂိုဒါးမား မှို ကို မြေပြင်ချိန်တွင် လူးမယ် စိုက်ပျိုးစေချင်ပါတယ် ။ နောက်ဆုံးအချက် က စိုက်ကွင်းသန့်ရှင်းရေး နိုင်နိုင်နင်းနင်း ပြုလုပ်ဖို့ဖြစ်ပါတယ် ။ အဓိက ပေါင်းရှင်းလင်းဖို့လိုအပ်ပါတယ် ။ ပေါင်းရှင်းလင်းတဲ့အခါမှာလည်း ပေါင်းသတ်ဆေး လွန်လွန်ကဲကဲအသုံးပြုခြင်းနှင့် ပေါင်းသတ်ဆေးနှင့် ဓာတ်မြေသြဇာ ရောနောအသုံးပြုခြင်းကို ရှောင်ကြည့်ရပါမယ်………ဦးလေး ရေ အခု ကျ တာ် ပြောပြလိုက်တဲ့အကြောင်း က ဦးလေးတို့လို နှစ်စဉ် ခရမ်းချဉ် အဓိက စိုက်ပျိုးတဲ့တောင်သူတွေအနေနဲ့ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုပြိးထိရောက်ပါတယ် ။ ထို့ကြောင့် ရောဂါ ဖြစ်မှ ဓာတုဆေး လွန်လွန်ကဲကဲ အသုံးပြုခြင်းထက် မဖြစ်ခင်က ကြိုတင် ကာကွယ်သင့်ပါတယ် ။ ထို့မှ သာ ကုန်ကျစရိတ် သိသိသာသာ ကာမိမည်ဖြစ်ပါတယ် ဦးလေး ရေ…#Tomato Fusarium wilt problem#Myit Sone Myanmar#Shwe arr Compound Fertilizer

Leave a Comment